သတင်းများ

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ဆီဆိုင်မြို့ မြို့မဈေးအသစ်ပြန်လည်တည်ဆောက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်
Jul 24,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် အကြမ်းဖက်သောင်းကျန်းသူများ ဝင်ရောက်တိုက်ခိုက်မှုကြောင့် မီးလောင်ပျက်စီးသွားခဲ့သည့် ဆီဆိုင်မြို့ မြို့မဈေးအား အသစ်ပြန်လည်တည်ဆောက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်စည်ပင်သာယာရေးဌာနခန်းမတွင် ဆောင်ရွက်ခဲ့ကြသည်။
မြင်းခြံမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြစ်ရေဝင်ရောက်သော ကျေးရွာများမှ ကျွဲ၊ နွား တိရစ္ဆာန်များအတွက် အစာအိတ် ထောက်ပံ့ပေးအပ်
Jul 24,2024
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြင်းခြံမြို့နယ်အတွင်း ဧရာဝတီမြစ်ရေဝင်ရောက်သော ကျေးရွာများမှ ကျွဲ၊ နွား တိရစ္ဆာန်များအတွက် အစာအိတ် ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နေ့လည်(၁)နာရီအချိန်က ထောက်ပံ့ပေးအပ်ခဲ့သည်။
ငါ့သရောက်မြို့တွင် နှမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း 
Jul 24,2024
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့တွင် နယုန်လဆန်းပိုင်းက စိုက်ပျိုးထားသည့်ကန်ရှိနှမ်းစိုက်တောင်သူများ နှမ်းများ  အောင်မြင်ဖြစ်ထွန်းမှုကောင်းမွန်ပြီး စျေးကောင်းရရန် မျှော်လင့်လျက်ရှိကြောင်း သိရသည်။
ပြန်ကြားရေးဝန်ကြီးဌာနမိသားစုများ၏ (၂၇)ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပ
Jul 24,2024
ပြန်ကြားရေးဝန်ကြီးဌာန(ရန်ကုန်မိသားစု)များ၏ (၂၇)ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ အာဇာနည်လမ်းရှိ ပြန်ကြားရေးဝန်ကြီးဌာနဓမ္မာရုံ၌ စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့ရာ ပြန်ကြားရေးဝန်ကြီးဌာနရှိ ဦးစီးဌာနအသီးသီးမှ တာဝန်ရှိသူများနှင့်ဝန်ထမ်းများ၊ ပြန်ကြားရေးဝန်ကြီးဌာန၏ မိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံဂီတအစည်းအရုံးစသည်တို့မှတာဝန်ရှိသူများ၊ ဝန်ထမ်းဟောင်းများအသင်းတို့မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
ဒိုက်ဦးမြို့နယ်၌ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ
Jul 24,2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ မြို့ရိုးဘုရားလမ်းဘေးဝဲယာ၊ ကျောင်းစုကျေးရွာလမ်းမဘေး၊ ဒိုးတန်းကျေးရွာလမ်းဘေးဝဲယာတို့၌ ယနေ့နံနက် ၉ နာရီအချိန်က ဒိုက်ဦးမြို့နယ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများစုပေါင်း၍ သစ်ပင်စိုက်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရသည်။
တနင်္သာရီမြို့နယ် သစ်တောဦးစီးဌာနမှ ကျောင်းသူ/သားများအား မိုးရာသီ သစ်ပင်စိုက်ပျိုး၊ ပြုစု၊ ထိန်းသိမ်းရေးအသိပညာပေးဟောပြော ပွဲပြုလုပ်
Jul 24,2024
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာန တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်မှကြီးမှူး၍ “ကမ္ဘာမြေကိုကာကွယ်ဖို့ သစ်ပင်စိုက်ပျိုးစို့” ဆောင်ပုဒ်နှင့်အညီ တနင်္သာရီမြို့- အခြေခံပညာ အထက်တန်းကျောင်း ပညာရတနာခန်းမအတွင်း ယနေ့နံနက် ၁၀ နာရီက ကျောင်းသား/သူများအား သစ်တောသစ်ပင်၊ ဇီဝမျိုးစုံမျိုးကွဲများ၏ အကျိုးကျေးဇူးများ၊ ရာသီဥတုပြောင်းလဲမှု၊ မိုးရာသီကာလ သစ်ပင်စိုက်ပျိုးခြင်း၊ ပြုစုခြင်းနှင့်ထိန်းသိမ်းရေးဆိုင်ရာအကြောင်းအရာများ အသိပညာပေး ဟောပြောပွဲအခမ်းအနားကို ကျင်းပပြုလုပ်ကြောင်း သိရသည်။
တံတားမြို့လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်‌ရေးအတွက် စာဖတ်ဝိုင်းပြုလုပ်ကျင်းပ
Jul 24,2024
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊  တံတားမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community  Centre)ခန်းမတွင် စာပေဝါသနာရှင်များနှင့်(Book Club) အဖွဲ့များပူးပေါင်း၍  စာရေးဆရာ‌ မောင်ခင်မင်(ဓနုဖြူ) ရေးသားသည့် “အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ”  စာအုပ်ဖြင့် ယမန်နေ့ မွန်းလွဲ(၁) နာရီအချိန်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။
ကလောမြို့၌ နှစ်ရှည်သီးနှံ ပိန္နဲသီးပင်စိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေ ရရှိ
Jul 24,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်တွင် ရာသီပေါ်နှစ်ရှည်သီးပင်များ စိုက်ပျိုးရောင်းချလျက်ရှိရာ နှစ်ရှည်သီးနှံဖြစ်သည့် ပိန္နဲသီးပင်စိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိနိုင်ကြောင်း ပိန္နဲသီးပင်စိုက်ပျိုးသူထံမှ သိရသည်။