သတင်းများ

မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ်(၂)လုံးအတွက် ဆန်ရိက္ခာ၊ ကယ်ဆယ်ရေးပစ္စည်းနှင့် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေများ ပေးအပ်
Jul 27,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ဇူလိုင်လ ၂၅ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ်(၂)လုံးအတွက် ဆန်ရိက္ခာ၊ ကယ်ဆယ်ရေးပစ္စည်းနှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေများအား တာဝန်ရှိသူများက ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မင်းကင်းမြို့တွင် ရေဘေးသင့်အိမ်ထောင်စု (၁၈၅)စုအား  ဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်
Jul 27,2024
စစ်ကိုင်း‌တိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့တွင် ချင်းတွင်းမြစ်ရေ စိုးရိမ်ရေအမှတ်ထက်ကျော်လွန်၍ ပြောင်းရွှေ့ခဲ့ရသော ရေဘေးသင့်အိမ်ထောင်စုများအား စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့သည့် ဆန်ရိက္ခာပေးအပ်ပွဲကို ဇူလိုင်လ ၂၅ ရက်နေ့ နံနက်ပိုင်းက ယွန်းဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
ညောင်တုန်းမြို့နယ်တွင် လေဘေးသင့် နေအိမ်နှင့် အိမ်ထောင်စုဝင်များအတွက် ကယ်ဆယ်ရေးပစ္စည်းများနှင့် ရန်ပုံငွေများ ကွင်းဆင်းထောက်ပံ့
Jul 27,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ  လေတိုက်ခိုက်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ်များနှင့် အိမ်ထောင်စုဝင်များအတွက် ယမန်နေ့ မွန်းလွဲပိုင်းက ကယ်ဆယ်ရေးပစ္စည်းနှင့် ရန်ပုံငွေများကို ကျေးရွာများရှိ လေဘေးသင့်ပြည်သူများထံသို့ ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့သည်။
ကျောက်ဆည်ခရိုင်တွင် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Jul 27,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းတွင် စာသင်ခုံအစုံ (၉၀) ပေးအပ်လှူဒါန်းခြင်းအခမ်းအနား ကျင်းပ
Jul 27,2024
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် စာသင်ခုံအစုံ (၉၀) ပေးအပ်လှူဒါန်းခြင်းအခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီ၌ အမှတ်(၅)ရပ်ကွက်ရှိ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းတွင် လှူဒါန်းပေးအပ်ပွဲအခမ်းအနား ကျင်းပခဲ့သည်။
ကျိုက်ထိုခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဘီးလင်းမြို့နယ်ရှိ ရေဘေးရှောင်ပြည်သူများအား ခေါက်ဆွဲခြောက်များ လာရောက်လှူဒါန်း
Jul 27,2024
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဘီးလင်းမြို့နယ်ရှိ ရေဘေးရှောင်ပြည်သူများအတွက် ခေါက်ဆွဲခြောက်ဖာများ ပေးအပ်လှူဒါန်းပွဲကို ယမန်နေ့နံနက် ၁၁ နာရီခွဲအချိန်က ဘီးလင်းမြို့နယ် ယာယီရေဘေးကယ်ဆယ်ကွပ်ကဲရေးရုံး ဖွင့်လှစ်ထားရှိရာ သာသနာ့ဗိမာန်တော်၌ ကျင်းပပြုလုပ်ခဲ့သည်။
ပြင်ဦးလွင်ခရိုင် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီကကြီးမှူး၍ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Jul 27,2024
၂၀၂၄ ခုနှစ်တွင် ပြင်ဦးလွင်ခရိုင်၌ ကျင်းပပြုလုပ်မည့် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ တတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီတွင် ပြင်ဦးလွင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်ဇော်ဦး၊ ဦးစီးကော်မတီအတွင်းရေးမှူးနှင့် လုပ်ငန်းဆပ်ကော်မတီဥက္ကဋ္ဌများ၊ ဘာသာရပ်ဆိုင်ရာပညာရှင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
ညောင်ဦးမြို့တွင် ဘုရားဈေးတန်းများ၌ ရောင်းချလျက်ရှိသော ဈေးဆိုင်များစနစ်တကျရှိစေရေး ကွင်းဆင်းအသိပညာပေး
Jul 27,2024
ပုဂံရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဒေသအတွင်းရှိ ဘုရားဈေးတန်းများတွင် ရောင်းချလျက်ရှိသော ဒေသထွက်အမှတ်တရပစ္စည်းဆိုင်များ စနစ်တကျရှိစေရေး ညောင်ဦးခရိုင်အဆင့်ဌာနဆိုင်ရာများသည် ယမန်နေ့နံနက် ၁၀ နာရီက ငှက်ပစ်တောင်မြတ်စွာဘုရားနှင့် တုရင်တောင်စွယ်တော်မြတ်စေတီတော်ကြီး ဂေါပကအဖွဲ့များ၊ ဈေးသည်များနှင့် တွေ့ဆုံကာ အသိပညာပေးခြင်းများဆောင်ရွက်ခဲ့သည်။