မြင်းခြံမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြစ်ရေဝင်ရောက်သော ကျေးရွာများမှ ကျွဲ၊ နွား တိရစ္ဆာန်များအတွက် အစာအိတ် ထောက်ပံ့ပေးအပ်

မြင်းခြံ ဇူလိုင် ၂၄

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြင်းခြံမြို့နယ်အတွင်း ဧရာဝတီမြစ်ရေဝင်ရောက်သော ကျေးရွာများမှ ကျွဲ၊ နွား တိရစ္ဆာန်များအတွက် အစာအိတ် ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နေ့လည်(၁)နာရီအချိန်က ထောက်ပံ့ပေးအပ်ခဲ့သည်။

မြင်းခြံမြို့နယ်အတွင်း ဧရာဝတီမြစ်ရေဝင်ရောက်သော ကျေးရွာများဖြစ်သည့် နယ်ခြား၊ ပတ္တာ၊ တောင်ကျွန်း၊ မြောက်ကျွန်း၊ သင်္ဘောတင်၊ လေးအိမ်တန်း၊ အင်ကြင်းပင်၊ လက်ပံပင်၊ ဘောလုံး၊ အေးရွာကျေးရွာ စုစုပေါင်းကျေးရွာ (၁၀) ရွာရှိ ကျွဲ၊ နွား အကောင်ရေ (၁၃၀၀) အတွက် အစာအိတ် (၃၀)အိတ်အား မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာအောင်ခိုင်ထွေးမှ ပေးအပ်ခဲ့ရာ ကျေးရွာနေပြည်သူများက လက်ခံရယူခဲ့ကြောင်း သိရသည်။ 

ကျော်စွာ(မြင်းခြံ)