ဒိုက်ဦး ဇူလိုင် ၂၄
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ မြို့ရိုးဘုရားလမ်းဘေးဝဲယာ၊ ကျောင်းစုကျေးရွာလမ်းမဘေး၊ ဒိုးတန်းကျေးရွာလမ်းဘေးဝဲယာတို့၌ ယနေ့နံနက် ၉ နာရီအချိန်က ဒိုက်ဦးမြို့နယ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများစုပေါင်း၍ သစ်ပင်စိုက်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ညောင်လေးပင်ခရိုင်အုပ်ချုပ်ရေးမှူးဦးအောင်ကျော်စိုးနှင့် တာဝန်ရှိသူများ ဒိုက်ဦးမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်ဆန်းဦးနှင့်အဖွဲ့ဝင်များက တက်ရောက်ကြည့်ရှုအားပေးခဲ့ပြီး ဖိတ်ကြားထားသော ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက မန်ကျည်း၊ ကြောင်လျှာနှင့် ပေါက်ပန်းဖြူ သစ်ပင်ပေါက်များအား စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)