ဆီဆိုင် ဇူလိုင် ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် အကြမ်းဖက်သောင်းကျန်းသူများ ဝင်ရောက်တိုက်ခိုက်မှုကြောင့် မီးလောင်ပျက်စီးသွားခဲ့သည့် ဆီဆိုင်မြို့ မြို့မဈေးအား အသစ်ပြန်လည်တည်ဆောက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်စည်ပင်သာယာရေးဌာနခန်းမတွင် ဆောင်ရွက်ခဲ့ကြသည်။
အစည်းအဝေးတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးမှ မြို့မဈေးအသစ် ပြန်လည်တည်ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့မဈေးကော်မတီဝင်များနှင့် တွေ့ဆုံ၍ မီးလောင်ပျက်စီးသွားသည့် မြို့မဈေးအား နှစ်ထပ်ဈေးအသစ် အဆောက်အဦဖြင့် ပြန်လည်ဆောက်လုပ်သွားမည့် အစီအမံများနှင့်ပတ်သက်၍ စနစ်တကျရှိစေရေး၊ မြို့မဈေးဆောက်လုပ်မည့် ဒီဇိုင်းပုံစံတို့ကို အသီးသီးဆွေးနွေးတင်ပြကြပြီးနောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)