တနင်္သာရီ ဇူလိုင် ၂၄
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာန တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်မှကြီးမှူး၍ “ကမ္ဘာမြေကိုကာကွယ်ဖို့ သစ်ပင်စိုက်ပျိုးစို့” ဆောင်ပုဒ်နှင့်အညီ တနင်္သာရီမြို့- အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမအတွင်း ယနေ့နံနက် ၁၀ နာရီက ကျောင်းသား/သူများအား သစ်တောသစ်ပင်၊ ဇီဝမျိုးစုံမျိုးကွဲများ၏ အကျိုးကျေးဇူးများ၊ ရာသီဥတုပြောင်းလဲမှု၊ မိုးရာသီကာလ သစ်ပင်စိုက်ပျိုးခြင်း၊ ပြုစုခြင်းနှင့်ထိန်းသိမ်းရေးဆိုင်ရာအကြောင်းအရာများ အသိပညာပေး ဟောပြောပွဲအခမ်းအနားကို ကျင်းပပြုလုပ်ကြောင်း သိရသည်။
အခမ်းအနားမစတင်မီ မြို့နယ်သစ်တောဦးစီးဌာန ဝန်ထမ်းများက သစ်ပင်စိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးများ အသိပညာ ပေးလက်ကမ်းစာစောင်များကို ကျောင်းသူ/သားများနှင့် ဆရာမများထံ ဖြန့်ဝေပေးကြသည်။
ပထမဦးစွာ မြို့နယ်သစ်တော်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတင်ဝင်းက သစ်ပင်စိုက်ပျိုးခြင်း၏ သက်ရှိများအားလုံးအတွက် အပြန်အလှန်အကျိုးကျေးဇူးများပုံ၊ စိုက်ပျိုးပင်တစ်ပင် ဖြစ်တည်ရန် မျိုးစေ့မှစ၍ လိုအပ်သည့်အခြေခံအချက်များ၊ ပျိုးဥယျာဉ်အတွင်း ပျိုးထောင်ထားစဉ် ပေါင်းရှင်းမြေဆွ ပြုစုနည်းများနှင့်စိုက်ပျိုးပင်များကို သစ်တောဥပဒေ/နည်းဥပဒေများဖြင့် ထိန်းသိမ်းကာကွယ်ခြင်း…စသည့် ဗဟု သုတရဖွယ် အကြောင်းအရာများအား Power Point ဖြင့် အသေးစိတ်ရှင်းလင်းဟောပြောပေးကြောင်း သိရသည်။
ထို့နောက် ဦးစီးအရာရှိ ဦးတင်ဝင်းက ပညာပေးဟောပြောမှုနှင့်ပတ်သက်၍ ကျောင်းသူ/သားများအနေဖြင့် မည်၍မည်မျှ နားလည်သဘောပေါက်သည်ကို ပြန်လည်ဆန်းစစ်မေးမြန်းကာ အခမ်းအနားသို့ တက်ရောက်လာသူများအားလုံးကို ကိတ်မုန့်နှင့်အအေးဘူးတို့ဖြင့် အာဟာရ ကျွေးမွေးကြောင်းသိရသည်။
၎င်းအသိပညာပေးအခမ်းအနားသို့ မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးတင်ဝင်းနှင့် ဝန်ထမ်းများ၊ ကျောင်းအုပ် ဆရာကြီးဦးအေးနိုင်နှင့် အထက်တန်းပြဆရာမများ၊ Grade-10 အတန်းမှ ကျောင်းသား/သူ (၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)