သတင်းများ

ရေကြည်မြို့နယ်တွင် မြစ်ရေဝင်ရောက်မှုကြောင့် အခြေခံပညာကျောင်းပေါင်း(၃၆)ကျောင်း ယာယီပိတ်ထား
Jul 24,2024
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်တွင် ငဝန်မြစ်ရေ မြင့်တက်၍မြစ်ရေဝင်ရောက်မှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့၍ ဇူလိုင်လ ၂၂ နေ့နံနက်ပိုင်းမှစတင်ကာ ယနေ့အထိ စာသင်ကျောင်း (၃၆)ကျောင်း ခေတ္တယာယီပိတ်ထားရကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ထားဝယ်မြို့တွင် "မိုးရာသီသစ်ပင်စိုက်ပျိုး၊ ပြုစု၊ ထိန်းသိမ်းရေး"ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြော
Jul 24,2024
တနင်္သာရီတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် “မိုးရာသီသစ်ပင်စိုက်ပျိုး၊ ပြုစု၊ ထိန်းသိမ်းရေး” ခေါင်းစဉ်ဖြင့် သစ်ပင်စိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးများ၊ သစ်ပင်စိုက်ပျိုး၊ ပြုစု၊ ထိန်းသိမ်းခြင်းနည်းစနစ်များနှင့်သစ်တောများ ထိန်းသိမ်းကာကွယ်ခြင်းစသည့် အကြောင်းအရာများ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
ပခုက္ကူမြို့နယ်တွင် ဧရာဝတီမြစ်ရေစိုးရိမ်ရေမှတ်အောက် ကျဆင်းလာသဖြင့် ရေဘေးသင့်ပြည်သူတချို့ မိမိနေအိမ်သို့ ပြန်လည်ပြောင်းရွှေ့
Jul 24,2024
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်အောက်သို့ကျဆင်းလာသဖြင့် ရေဘေးသင့်ပြည်သူတချို့ မိမိနေအိမ်များသို့ ပြန်လည်ပြောင်းရွှေ့ကြကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမျိုးဆွေ၀င်း မြစ်မခမြစ်ရေကြီးမှုအခြေအနေအား ကွင်းဆင်းကြည့်ရှု
Jul 24,2024
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီး ချုပ်ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းအောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြစ်မခမြစ်ရေမြင့်တက်ပြီး ကွင်းရေများ မြင့်တက်လာမှုကို ယနေ့နံနက် ၁၁ နာရီက ရောက်ရှိကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဟိုင်းကြီးကျွန်းမြို့၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ပိုမိုတိုးမြှင့်လုပ်ဆောင်နိုင်ရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jul 24,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ပိုမိုတိုးမြှင့်လုပ်ဆောင်နိုင်ရန်အတွက် မြို့အုပ်ချုပ်ရေးမှူး ဦးကောင်းစံနှင့် မြို့အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀း၀၀)နာရီအချိန်တွင် ဟိုင်းကြီးကျွန်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မင်္ဂလာဒုံမြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောသရုပ်ပြပွဲကျင်းပ
Jul 24,2024
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှကြီးမှူး၍ လူငယ်ရေးရာကော်မတီနှင့်ပူးပေါင်းလျက် အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောသရုပ်ပြပွဲကို အမှတ်(၄)အခြေခံပညာအလယ်တန်းကျောင်း၌ ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
မိတ္ထီလာမြို့နယ်တွင် နွားနှင့်ဆိတ်မေထုတ်မဲ့သားစပ်သင်တန်း အမှတ်စဉ်(၁/၂၀၂၄ မတလ) ဖွင့်ပွဲအခမ်းအနား ကျင်းပ
Jul 24,2024
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် နွားနှင့်ဆိတ်မေထုတ်မဲ့သားစပ်သင်တန်း အမှတ်စဉ် (၁/၂၀၂၄မတလ) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်က စက်မှုလယ်ယာသင်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း မင်းလှမြို့နယ်တွင် ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်
Jul 24,2024
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အတူ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းအဆင့်၊ ခရိုင်အဆင့်ဌာနဆိုင်ရာများသည် ယနေ့မွန်းလွဲပိုင်းက သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ထန်းပင်ကုန်း‌ကျေးရွာ၊ အ.ထ.က(ခွဲ)ထန်းပင်ကုန်းကျောင်းတွင် ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။