တပ်ကုန်း ဇူလိုင် ၂၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ရပ်ကွက်၊ ကျေးရွာများမှ စာကြည့်တိုက်မှူးများအား စာကြည့်တိုက်ပညာရပ်သင်တန်း ဖွင့်လှစ်သင်ကြားခြင်းကို ယနေ့နံနက် ၉ နာရီခွဲက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါသင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင် (၂) ဒေါက်တာခင်မောင်ထွန်းက သင်တန်းဖွင့်အမှာစကားပြောကြားပြီးနောက် တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ စာကြည့်တိုက်ပညာရပ်သင်တန်းဖွင့်လှစ်သင်ကြားရာ သင်တန်းနည်းပြများအဖြစ် တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဒုတိယဦးစီးမှူး ဒေါ်ဖြူစင်အိတို့က စာကြည့်တိုက်လုပ်ငန်း စီမံခန့်ခွဲရေးလက်စွဲစာစောင်ပါ စာကြည့်တိုက်ပညာ၊ စာကြည့်တိုက်အမျိုးအစားများ၊ ထူးခြားသည့်ဝိသေသများ၊ စာကြည့်တိုက်လုပ်ငန်းစီမံခန့်ခွဲရေး၊ စာစုလုပ်ငန်း၊ စာပြုလုပ်ငန်း၊ စာရေးသူအခြေခံကတ်ပြားပုံစံ(နမူနာ)၊ စာရေးသူကတ်ပြားများ၊ စာငှားစနစ်၊ စစ်ဆေးခြင်းနှင့် ထိန်းသိမ်းခြင်းလုပ်ငန်း၊ မျိုးတူစုပညာရပ်များကို ဇူလိုင်လ ၂၆ ရက်မှ ၂၇ ရက်နေ့အထိ စာတွေ့၊ လက်တွေ့သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး၊ အဆိုပါသင်တန်းသို့ ရပ်ကွက်၊ ကျေးရွာစာကြည့်တိုက်များမှ စာကြည့်တိုက်မှူးများနှင့် အခြေခံပညာကျောင်းများတွင် တာဝန်ယူဆောက်ရွက်ပေးသည့် စာကြည့်တိုက်မှူးများ စုစုပေါင်း ၄၈ဦး တက်ရောက်သင်ယူကြကြောင်းသိရသည်။
တင်စိုးလွင်