ချောင်းဆုံ ဇူလိုင် ၂၆
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီ၌ တောင်သူများ အချိန်မီ မိုးစပါးစိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးစရိတ်ချေးငွေများကို မြို့နယ်မြန်မာ့လယ်ဖွံ့ဖြိုးရေးဘဏ်(ခွဲ)မှ ထုတ်ချေးပေးလျက်ရှိရာ ယနေ့ ဇူလိုင်လ (၂၆) ရက်နေ့အထိ ကျေးရွာအုပ်စု (၃၆) အုပ်စုရှိ တောင်သူ (၂၉၀၈) ဦး၏ စိုက်ဧက (၂၀၄၂၄) ဧကအတွက် စိုက်ပျိုးစရိတ်ချေးငွေ ကျပ်သိန်းပေါင်း (၃၀၆၃၆) သိန်းကို ထုတ်ပေးနိုင်ခဲ့ပြီး ဆက်လက်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများကို မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၄၆) အုပ်စုမှ စိုက်ဧက (၃၄၄၄၂) ဧကအတွက် ချေးငွေကျပ်သိန်းပေါင်း (၅၁၆၆၃) သိန်းခန့်အား ထုတ်ချေးရန်လျာထားလျက်ရှိကြောင်း၊ စိုက်ဧက တစ်ဧကလျှင် တစ်သိန်းငါးသောင်းနှုန်းဖြင့် တစ်ဦးလျှင် အများဆုံး(၁၀)ဧကအထိ ထုတ်ပေးလျက်ရှိကြောင်း၊ စိုက်ပျိုးစရိတ်ချေးငွေများကို လယ်ယာလုပ်ငန်းခွင်များတွင် အကျိုးရှိရှိအသုံးပြုစေလိုကြောင်းနှင့် တောင်သူများ အချိန်မီစိုက်ပျိုးနိုင်ရေး စိုက်ပျိုးစရိတ်များ ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ခွဲ)မှ သိရသည်။
ကိုကျော် (ချောင်းဆုံ)