ကျောင်းကုန်းမြို့ အ.ထ.က(၁)ကျောင်း၌ ပညာရည်ချွန်ဆုပေးပွဲ ကျင်းပ

ကျောင်းကုန်း ဇူလိုင် ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသားကျောင်းသူများနှင့် ဂုဏ်ထူးရရှိ အောင်သင်ကြားပေးသော ဆရာ/မများအား ဂုဏ်ပြုချီးမြှင့်ပွဲကို ယမန်နေ့က ပညာ့ဗိမာန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားကို Grade 7 ကျောင်းသား ကျောင်းသူလေးများက မြန်မာ့ကျောင်းသီချင်းဖြင့် ဂုဏ်ပြုသီဆိုဖွင့်လှစ်ပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်ပညာရေးကော်မတီဥက္ကဋ္ဌ ဦးစိုးဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဦးအောင်ကျော်မြင့်က ဂုဏ်ပြုစကားပြောကြားခဲ့သည်။

ထို့နောက် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးရထူးချွန် ကျောင်းသား ကျောင်းသူများနှင့် ဂုဏ်ထူးရရှိအောင် သင်ကြားပြသပေးသော ဆရာ/ဆရာမများအား တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ခဲ့ကြပြီး၊ ကျောင်းအုပ်ဆရာကြီး ဦးဆန်းထွန်းက ဝမ်းမြောက်စကား ပြောကြားခဲ့သည်။ အခမ်းအနားကို Grade 7 ကျောင်းသားကျောင်း သူ‌များက "ဇာတိမာန်" သီချင်းဖြင့် သီဆိုရုတ်သိမ်းခဲ့ကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)