သတင်းများ

မိုးနဲမြို့နယ်‌ရှိ ကျေးရွာများတွင် ကုန်ထုတ်လမ်း၊ တံတားနှင့် ရေပေးဝေရေးလုပ်ငန်းများ ဆောင်ရွက်ရန် မိတ်ဆက်ရှင်းလင်း
Jul 26,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်‌ရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရးနှစ်အတွက် ကုန်ထုတ်လမ်း၊ တံတားနှင့် ရေပေးဝေရေးလုပ်ငန်းများ ဆောင်ရွက်ရန် တင်ဒါအောင်ကုမ္ပဏီများနှင့် တွေ့ဆုံမိတ်ဆက်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အဆိုပါရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့‌ကြောင်းသိရသည်။
မိုင်းယုမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ဝန်ထမ်းအိမ်ရာ (RCC) တစ်ထပ်၊ ခြောက်ခန်းတွဲအဆောင်သစ် ပန္နက်တင်မင်္ဂလာအခမ်းအနား ပြုလုပ်
Jul 26,2024
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍရေးနှစ်၏ ဝန်ထမ်းအိမ်ရာ(RCC)တစ်ထပ်၊ ခြောက်ခန်းတွဲအဆောင်သစ် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယမန်နေ့က အဆိုပါကျောင်းဝန်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
တပ်ကုန်းမြို့နယ် မကျီးပင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် လူကုန်ကူးမှုအန္တရာယ်အသိပညာပေးဟောပြောပွဲ ကျင်းပ
Jul 26,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် မကျီးပင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ လူကုန်ကူးမှုအန္တရယ်များ ကင်းဝေးစေရန် ရည်ရွယ်၍ လူကုန်ကူးမှုအန္တရာယ် အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်းဓမ္မာရုံတွင် ကျင်းပခဲ့သည်။
ကန်ကြီးထောင့်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ဒါးကမြစ်ရေမြင့်တက်မှုကြောင့် မိုးစပါး စိုက်ဧကများ ရေကြီးနစ်မြုပ်မှုဖြစ်ပွား
Jul 26,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ဒါးကမြစ်ရေမြင့်တက်မှုကြောင့် မိုးစပါးစိုက်ဧကများ ရေကြီးနစ်မြုပ်မှုဖြစ်ပွားခဲ့ရာ ဇူလိုင်လ (၂၅)ရက်နေ့ နေ့လည်(၁)နာရီအချိန်ခန့်က မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်အောင်၊ မြို့နယ်မြေစာရင်းဦးစီးမှူး ဦးသန်းဇော်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးသိန်းနိုင်စိုးနှင့် တာဝန်ရှိသူများက သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်ကောင်စီအခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့နှင့် အခွန်အခကောက်ခံရရှိသည့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်
Jul 26,2024
နေပြည်တော်ကောင်စီအခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့နှင့် အခွန်အခကောက်ခံရရှိသည့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ (၁) ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ကြသည်။
လယ်ဝေးမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) စာဖတ်ဝိုင်းကျင်းပ
Jul 26,2024
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) နှင့် နေပြည်တော်စာပေဝိုင်းမှ စာရေးဆရာများ၏ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က ကျင်းပသည်။
ညောင်ရွှေမြို့၌ အခြေခံစာကြည့်တိုက်ပညာသင်တန်း ဖွင့်လှစ်
Jul 26,2024
အခြေခံပညာကျောင်းများရှိ စာကြည့်တိုက်များ ရှင်သန်တိုးတက်ဖွံ့ဖြိုးလာစေရန်၊ စာကြည့်တိုက်တာဝန်ခံများ စာကြည့်တိုက်လုပ်ငန်းစဉ်များကို ပိုမိုသိရှိနားလည်လာစေရန်နှင့် စာအုပ်စာစောင်များကို စနစ်တကျထိန်းသိမ်းထားရှိနိုင်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် အခြေခံစာကြည့်တိုက်ပညာသင်တန်းကို ယမန်နေ့ နံနက် (၉) နာရီက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ဖွင့်လှစ်ပို့ချခဲ့သည်။
ပခုက္ကူမြို့၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လက်ရက်ကန်းဒီဇိုင်းတီထွင်ဆန်းသစ်မှုနည်းပညာသင်တန်းဖွင့်ပွဲ ကျင်းပ
Jul 26,2024
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လက်ရက်ကန်းဒီဇိုင်းတီထွင်ဆန်းသစ်မှု နည်းပညာသင်တန်းဖွင့်ပွဲ ကျင်းပသည်။