တနင်္သာရီမြို့နယ်အတွင်း မြစ်ရေများမြင့်တက်လာသဖြင့် ဌာနဆိုင်ရာရုံးများနှင့် ရေဘေးသင့်ပြည်သူများ ယာယီရွှေ့ပြောင်း
Jul 26,2024
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း ဇူလိုင်လ ၁၀ရက်နေ့က မိုးများအဆက်မပြတ်သည်းထန်စွာရွာသွန်းနေမှုကြောင့် တနင်္သာရီမြစ်ရေသည် တဖြည်းဖြည်းမြင့်တက်လာပြီး ယမန်နေ့ညနေ၄နာရီအချိန်က တနင်္သာရီမြို့အဝင် ဆိပ်ခံတံတားရေမှတ်တိုင်၌ မြစ်ရေတိုင်းထွာချက်အရ သာမန်မြစ်ရေအထက် (၁၉ပေ-၅လက်မ)အထိ ရောက်ရှိနေပြီး တနင်္သာရီမြို့၏စိုးရိမ်ရေအမှတ် (၁၇ပေ)ထက် (၂ပေနှင့်၅လက်မ)အထိ ကျော်လွန်ရောက်ရှိနေပြီဖြစ်သဖြင့် မြို့ပေါ်ရပ်ကွက်အတွင်းမှ အနိမ့်ပိုင်းနေရာရှိ ဌာနဆိုင်ရာရုံးတစ်ချို့၊ ဝန်ထမ်းအိမ်ရာနှင့် ရပ်ကွက်/ကျေးရွာလမ်းများအတွင်း မြစ်ရေများ ဝင်ရောက်လျက်ရှိနေကြောင်း သိရသည်။