ပခုက္ကူ ဇူလိုင် ၂၆
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့နံနက်၆နာရီခွဲအချိန် ဧရာဝတီမြစ်ရေတိုင်းထွာချက်အရ ပခုက္ကူမြို့၏စိုးရိမ်ရေမှတ်၂၁၅၀ စင်တီမီတာ (၇၀ဒသမ၅၄) ပေအောက် ၂ ဒသမ ၅၃ ပေခန့်ကျဆင်းလျက်ရှိကြောင်း သိရသည်။
ပခုက္ကူခရိုင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဇူလိုင်လ ၂၅ ရက် နံနက် ၆ နာရီခွဲအချိန် ဧရာဝတီမြစ်ရေတိုင်းထွာချက်အရ ၂၀၇၃ စင်တီမီတာ (၆၈ဒသမ၀၁) ပေရှိပြီး ပခုက္ကူမြို့၏စိုးရိမ်ရေမှတ် ၂၁၅၀ စင်တီမီတာ (၇၀.၅၄) ပေအောက် ၇၇ စင်တီမီတာ (၂ဒသမ၅၃) ပေကျဆင်းနေပြီဖြစ်ကြောင်း၊ ယမန်နေ့ နံနက် ၆ နာရီခွဲမှ ယနေ့နံနက် ၆ နာရီခွဲအထိ ၂၄ နာရီအတွင်း ပခုက္ကူမြို့၏ ဧရာဝတီမြစ်ရေ ရေမျက်နှာပြင်ပြောင်းလဲမှုအနေဖြင့် ၃၈စင်တီမီတာ (၁ဒသမ၂၅) ပေခန့်ကျဆင်းလျက်ရှိကြောင်း၊ မြစ်ကမ်းဘေးနေပြည်သူများအနေဖြင့် ရေဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိ၊ သတိရှိစေရေးအတွက် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်းကာ ဧရာဝတီမြစ်ရေကြီးမှုနှင့် ရေကျမှုအခြေအနေတို့အား နေ့စဉ်သတင်းထုတ်ပြန်ပေးလျက်ရှိကြောင်း ခရိုင်မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သိရသည်။
ဘာမီသာ(ပခုက္ကူ)