သတင်းများ

မော်လမြိုင်မြို့၌ တောင်သူပညာပေးလုပ်ငန်းများ ဆောင်ရွက်
Jul 29,2024
မော်လမြိုင်မြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါက်တာနှင်းဝေမျိုးနိုင်နှင့် ဒု-ဦးစီးမှူးဒေါ်ကေဇင်စိုးတို့မှ မော်လမြိုင်မြို့နယ်အတွင်း နွားမွေးမြူသူများကို တိရစ္ဆာန်အစာပေါများစေရန်အတွက် ကောက်ရိုးကိုစနစ်တကျထုပ်ပိုးသိမ်းဆည်းခြင်း၊ ကောက်ရိုးချဉ်ဖက်ပြုလုပ်ခြင်း၊ ကောက်ရိုးကို ယူးရီးယားဖြင့် ပြုပြင်ကျွေးမွေးခြင်း တောင်သူပညာပေးသရုပ်ပြလုပ်ငန်းများကို မြေနီကုန်းရပ်ကွက်၊ ဦးမင်းနိုင်ဦး၏ နွားခြံတွင် ပညာပေးသရုပ်ပြခြင်း ဆောင်ရွက်ခဲ့သည်။
ဒေးဒရဲမြို့နယ် တိုးမြစ်အတွင်း မြစ်သဲထုတ်လုပ်မှုလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး
Jul 29,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးနှင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် အဓိကလိုအပ်လျက်ရှိသည့် မြစ်သဲထုတ်လုပ်မှုလုပ်ငန်းများအား ယနေ့နံနက်ပိုင်းက သက်ဆိုင်ရာအဖွဲ့များပူးပေါင်း၍ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ငပုတောမြို့အခြေခံပညာအထက်တန်းကျောင်းတွင် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပ
Jul 29,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမတွင် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ ဒုတိယမြို့နယ်ပညာရေးမှုး၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်သင်းသင်းနိုင်နှင့် တာဝန်ရှိသူများ၊ ဆရာ၊ဆရာမများ တက်ရောက်ကြသည်။
ကျိုက်လတ်၌ ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့်ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား/သူများ၊ အောင်ချက်အကောင်းဆုံးကျောင်းများနှင့် ဂုဏ်ထူးရ‌အောင်သင်ကြား‌ပေးခဲ့သည့် ဆရာ/မများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
Jul 29,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် အမှတ် (၄) ရပ်ကွက်၊ ရွှေဧရာအောင်ခန်းမ၌ ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့်ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား/သူများ၊ အောင်ချက်အကောင်းဆုံးကျောင်းများနှင့် ဂုဏ်ထူးရ‌အောင် သင်ကြား‌ပေးခဲ့သည့် ဆရာ/မများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ပုသိမ်မြို့၊ ရွာသစ်ကျေးရွာအုပ်စုအတွင်းရှိ ယာယီရေဘေးရှောင်အိမ်ထောင်စုများအတွက် ဆန်ရိက္ခာဖိုးငွေနှင့် ကာဘော်လစ်ဆပ်ပြာများ ထောက်ပံ့ပေးအပ်
Jul 29,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ ရွာသစ်ကျေးရွာအုပ်စုအတွင်း င၀န်မြစ်​ရေမြင့်တက်ခြင်းနှင့် မိုးသည်းထန်စွာရွာသွန်းမှု​တို့ကြောင့် ​ရွှေ့ပြောင်းနေထိုင်ခဲ့သည့် ယာယီရေဘေးရှောင် အိမ်‌ထောင် စုများအတွက် ဆန်ရိက္ခာဖိုးငွေနှင့် ကာဘော်လစ်ဆပ်ပြာများအား ယမန်နေ့ညနေပိုင်းက တာဝန်ရှိ သူများက ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့သည်။
စစ်ကိုင်းမြို့တွင် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ မွန်းမံသင်တန်း ဖွင့်ပွဲ ကျင်းပ
Jul 29,2024
စစ်ကိုင်းခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှကြီးမှူး၍ အသေးစားကုန်ထုတ် လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းအတွက် အမျိုးသမီးများ ဝင်ငွေတိုးတက်ရေးဆောင်ရွက်မည့်လုပ်ငန်း အခြေခံစက်ချုပ်နည်းပညာ၊ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ မွန်းမံသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အဆိုပါရုံးတွင်း ကျင်းပပြုလုပ်သည်။
ဇမ္ဗူသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး  Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေး
Jul 29,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယနေ့မွန်းလွဲပိုင်းက မြို့နယ်စိုက်ပျိုးရေးရုံးတွင် အခမဲ့ငှားရမ်းပေးခဲ့သည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့၊ အခြေခံပညာအထက်တန်းကျောင်းခွဲ(မကျည်းမြိုင်)၌ ကျောင်းသား၊ကျောင်းသူများ ပညာသင်ကြားနေမှု လှည့်လည်ကြည့်ရှုအားပေး၊ သက္ကယ်ပြင် တိုက်နယ်ဆေးရုံ၌ ဆေးကုသမှုခံယူနေကြသော လူနာများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်
Jul 29,2024
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်းခွဲ (မကျည်းမြိုင်)၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနေမှု လှည့်လည်ကြည့်ရှုအားပေးပြီး စစ်တွေမြို့နယ်၊ သက္ကယ်ပြင်တိုက်နယ်ဆေးရုံ၌ ဆေးရုံတက်ရောက်ဆေးကုသမှု ခံယူနေကြသော လူနာများအား လှည့်လည်ကြည့်ရှုအားပေးကာ ထောက်ပံ့ပစ္စည်းများ ပေးအပ်ပြီး ကျန်းမာရေးအသိပညာပေး ဟောပြောနေမှုကို ကြည့်ရှုအားပေးကြသည်။