သတင်းများ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏အစီအစဉ်ဖြင့် ဒေသခံပြည်သူများ ဆေးဝါးပြတ်လပ်မှုမရှိစေရေးနှင့် ဈေးနှုန်းသက်သာစွာဖြင့် ဆေးဝါးတိုက်ရိုက်ရောင်းချပွဲ ကျင်းပ
Jul 29,2024
ပဲခူးမြို့၊ သီရိဥဿာဈေးရုံကြီးအပေါ်ထပ်၌ ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဆေးဝါးတိုက်ရိုက်ရောင်းချပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။
ကန်ကြီးထောင့်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ဒါးက မြစ်ရေမြင့်တက်မှုကြောင့် အခြေခံပညာ ကျောင်းပေါင်း (၂၇) ကျောင်း ယာယီပိတ်ထား
Jul 29,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် နေ့စဉ် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ဒါးကမြစ်ရေမြင့်တက်မှုတို့ကြောင့် ကျောင်းဝင်းအတွင်ရေများဝင်ရောက်ခြင်းနှင့် ကျောင်းသား/ သူများ ကျောင်းသွားရာလမ်းများ ရေကျော်ခြင်းတို့ကြောင့် အခြေခံပညာကျောင်းပေါင်း(၂၇)ကျောင်းအား ဇူလိုင်လ(၂၉)ရက်နေ့မှ စတင်၍ ယာယီပိတ်ထားခဲ့ရသည်။
ရေကြည်မြို့နယ်တွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်အသိပညာပေးဟောပြောပွဲ ကျင်းပ
Jul 29,2024
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ ကွင်းသုံးဆင့်ကျေးရွာအုပ်စု၊ သပြေကွင်းကျေးရွာရှိ မိုဃ်းကောင်းစေတီတော်ဓမ္မာရုံ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ဧရာဝတီတိုင်းဒေသကြီး၊ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဘိုကလေးမြို့နယ်တွင် ပန်းခင်းစီမံချက် (၃) ဖြင့် နိုင်ငံသားစိစစ်ရေးကဒ်များဆောင်ရွက်ပေးနေ
Jul 29,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ပိုက်စလပ်ကျေးရွာအုပ်စုတွင် ဇူလိုင် (၂၇) ရက်နေ့မှ စတင်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးအနေဖြင့် ကျေးရွာအုပ်စုတွင်းရှိ နိုင်ငံသားစိစစ်ရေးကဒ်များ ဆောင်ရွက်ပေးရန်ရှိသူများအား ပန်းခင်းစီမံချက် (၃) အရ ကွင်းဆင်း၍ ဆောင်ရွက်ပေးလျက်ရှိသည်။
ကျောင်းကုန်းမြို့၌ ဒါးကမြစ်ရေမြင့်တက်လာမှုကြောင့် စာသင်ကျောင်း (၄၇) ကျောင်း ယာယီပိတ်ထား
Jul 29,2024
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ကျောင်းကုန်းမြို့၌ မိုးသည်းထန်စွာရွာသွန်းသဖြင့် ဒါးကမြစ်ရေမြင့်တက်လာခဲ့ရာ ယနေ့မှစ၍ စာသင်ကျောင်း (၄၇) ကျောင်း ခေတ္တပိတ် ထားရကြောင်း မြို့နယ်ပညာရေးမှူးရုံးက သိရသည်။ယနေ့ ဒါးကမြစ်ရေသည် (၁၉) ပေသို့ ရောက်ရှိနေပြီး၊ အန္တရာယ်ရေအမှတ် (၂၀) ပေသို့ရောက်ရန် (၁) ပေသာလိုတော့သည်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ကျင်းပပြုလုပ်သည့် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်ကြည့်ရှုအားပေး
Jul 29,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက်ပိုင်းအချိန်က ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။
ဒဂုံတက္ကသိုလ်၌ ၂၀၂၄-၂၀၂၅ ခုနှစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်ပေါင်းစုံ (ဇုန်အဆင့်) ကြက်တောင်ရိုက်ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနား ကျင်းပ
Jul 29,2024
၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်ပေါင်းစုံ (ဇုန်အဆင့်) အမျိုးသား၊ အမျိုးသမီး ကြက်တောင်ရိုက်ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ ဒဂုံတက္ကသိုလ် မိုးလုံလေလုံအားကစားခန်းမ (၁) ၌ ယမန်နေ့ ညနေ ၅ နာရီအချိန်က ကျင်းပခဲ့သည်။
ရပ်စောက်၌ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အခမ်းအနားကျင်းပ
Jul 29,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ် မြို့နယ်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ ကျောက်စိမ်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။