သတင်းများ

မအူပင်မြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များအမိုးလန်ပြိုကျပျက်စီး
Jul 29,2024
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ ကျုံနတ္တော်ကျေးရွာအုပ်စု၊ ကံစုကျေးရွာတွင် ယမန်နေ့မွန်းလွဲ (၂) နာရီအချိန်က မိုးရွာသွန်းပြီး‌လေပြင်းတိုက်ခတ်မှု‌ကြောင့် နေအိမ် (၂) လုံး ပြိုကျပျက်စီးခဲ့ပြီး နေအိမ် (၃) လုံးအမိုးလန်ပျက်စီးခဲ့ရာ စုစုပေါင်းဆုံးရှုံးမှုတန်ဖိုး (၃၂၀၀၀၀၀/-) ခန့် ဆုံးရှုံးခဲ့ရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာတက္ကသိုလ် ဆုတောင်းပြည့်စေတီတော်မြတ်ကြီး၏ စိန်ဖူးတော်၊ ငှတ်မြတ်နားတော်၊ ထီးတော်ဘုံအဆင့်ဆင့်နှင့် ရွှေသင်္ကန်းကပ်လှူပူ ဇော်နိုင်ရေးအတွက် ဆရာ တော်ကြီးများထံ သြဝါဒခံယူပွဲနှင့် အလှူငွေပေးအပ်ပွဲ အခမ်းအနားကျင်းပ
Jul 29,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာတက္ကသိုလ် ဆုတောင်းပြည့်စေတီတော်မြတ်ကြီး၏ စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ထီးတော်ဘုံအဆင့်ဆင့်နှင့် ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရေးအတွက် ဆရာတော်ကြီးများထံ သြဝါဒခံယူပွဲနှင့် အလှူငွေပေးအပ်ပွဲအခမ်းအနားကို ဇူလိုင်လ ၂၈ ရက်၊ နံနက်ပိုင်းတွင် အဆိုပါကျောင်းဝန်းအတွင်းရှိ စေတီတော်ကြီးပရဝုဏ်အတွင်းကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မုံရွာတက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ/ဆရာမများနှင့် အလှူရှင်များ တက်ရောက်ကြသည်။
မြန်အောင်မြို့နယ် တောင်ရိုးဒေသကျေးရွာအုပ်စုအချို့တွင် မိုးရွာသွန်းမှုကြောင့် ကျေးရွာချင်းဆက်လမ်းများ ရေကျော်မှုဖြစ်ပွား၊ မမြရေလှောင်တမံ၊ ကညင်ရေလှောင်တမံနှင့် နန်ကသူရေလှောင်တမံတို့တွင် ကန်ရေပြည့်အမှတ်အထက်ကျော်လွန်
Jul 29,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ် တောင်ရိုးဒေသကျေးရွာအုပ်စုအချို့တွင် ဇူလိုင် ၂၆ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျေးရွာချင်းဆက်လမ်းများ ရေကျော်မှုဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
မြို့နယ်အတွင်း ဆည်ရေဖြန့်ဝေပေးနေသည့် စလင်းရေလက်တံ (၈) မြောင်းအား ရေစီးရေလာကောင်းမွန်ရေး စုပေါင်းဆောင်ရွက်
Jul 29,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ဒေသခံတောင်သူများ စိုက်ပျိုးရေနှင့် သီးနှံအောင်ရေ အဆင်ပြေစွာ ရယူသုံးစွဲနိုင်ရန် စလင်းမြို့နယ် လင်းဇင်းရေလှောင်တမံမှ စိုက်ပျိုးရေ ဖြန့်ဝေပေးသည့် စလင်းရေလက်တံ(၈)မြောင်းအား ရေစီးရေလာကောင်းမွန်စေရန်အတွက် ယမန်နေ့က ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာမှ ဒေသခံတောင်သူများ  ပူးပေါင်းအဖွဲ့က ရေလက်တံမြောင်းရှိ ရေမှော်ပင်များ၊ နုန်းသဲများနှင့် ဒိုက်ပင်များ ဆယ်ယူရှင်းလင်းခြင်း၊ မြောင်းပေါင်ဘေး (ဝဲ ၊ ယာ) ရှိ သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများ စုပေါင်းရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မောက်မယ်−ဟိုနမ့်−ဆိုက်ခေါင်လမ်းမကြီးအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်
Jul 29,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ မောက်မယ်−ဟိုနမ့်−ဆိုက်ခေါင် လမ်းမကြီး ကတ္တရာလမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းမှစ၍ စတင်ဆောင် ရွက်လျက်ရှိကြောင်းသိရသည်။
ပွင့်ဖြူမြို့နယ်၌ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ယာယီပိတ်ထားရသည့် စာသင်ကျောင်း (၅) ကျောင်း ပြန်လည်ဖွင့်လှစ်
Jul 29,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ရေဝင်ရောက်ခဲ့၍ ယာယီပိတ်ထားရသော စာသင်ကျောင်း(၃၀)ရှိကြောင်း သိရကာ ယနေ့နံနက်ပိုင်းက အဆိုပါ ယာယီပိတ် ထားရသည့် စာသင်ကျောင်းများအနက် စာသင်ကျောင်း (၅) ကျောင်းအား မြစ်ရေကျဆင်းသွားသဖြင့် ပြန်လည်ဖွင့်လှစ် ပညာသင်ကြားပေးနေပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းသော အခြေခံစားသောက်ကုန်များအား ယာယီရေဘေးရှောင်ပြည်သူများသို့ ထောက်ပံ့ပေးအပ်
Jul 29,2024
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့တွင် ငဝန်မြစ်ရေကြီးမှုကြောင့် ရေဝင်ရောက်လာသော နေရာများမှ ပြည်သူများအား ခေတ္တရွှေ့ပြောင်းနေထိုင်ခွင့်ပြုထားသည့် ငါးသိုင်းချောင်းမြို့ အမျိုးသားခန်းမတွင် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နေ့လယ်ပိုင်းက  ပြုလုပ်ခဲ့ကြသည်။
ပေါင်မြို့နယ်၌ Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေး
Jul 29,2024
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့နယ်စီမံကိန်းဦးစီးဌာနရုံးသို့ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။