သတင်းများ

ကန်ကြီးထောင့်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ဒါးကမြစ်ရေမြင့်တက်မှုကြောင့် မြို့မဈေးသစ်အတွင်း ရေများဝင်ရောက်နစ်မြုပ်မှုဖြစ်ပွား
Jul 29,2024
ဧရာဝတီတိုင်းတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် နေ့စဉ်မိုးသည်းထန်စွာရွာ သွန်းခြင်းနှင့် ဒါးကမြစ်ရေမြင့်တက်မှုတို့ကြောင့် အမှတ် (၁) ရပ်ကွက်၊ ကမ်းနားလမ်း၊ ဒါးကမြစ်ကမ်းဘေးရှိ မြို့မဈေးသစ်အတွင်းသို့ ရေများဝင်ရောက်နစ်မြုပ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဇီးကုန်းမြို့နယ်တွင် မိုးရာသီသစ်ပင်စိုက်ပျိုး ပြုစု၊ ထိန်းသိမ်းရေး အသိပညာပေး ဟောပြော
Jul 29,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် သစ်တောဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သစ်ပင်စိုက်ပျိုး ပြုစု၊ ထိန်းသိမ်းရေးနှင့်ပတ်သက်သော အသိပညာဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(အထက-ဇီးကုန်း)၌ ကျင်းပပြုလုပ်ခဲ့သည်။
ရေနံချောင်းမြို့နယ်၌ သွေးလွန်တုတ်ကွေးရောဂါကင်းဝေးစေရေး ရေကန်များအတွင်း အဘိတ်ဆေးခတ်ခြင်းများ ဆောင်ရွက်
Jul 29,2024
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၌ မိုးရာသီတွင် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ ကင်းဝေးစေရေး ပိုးလောက်လန်းနှင့် ခြင်ပေါက်ဖွားမှုမရှိစေရန် ရေကန်များအတွင်း အဘိတ်ဆေးခတ်ခြင်းကို ယနေ့နံနက် ၉ နာရီက မြို့မမြောက်ရပ်ကွက်နှင့် မြို့မတောင်ရပ်ကွက်တို့တွင် ကွင်းဆင်းဆောင်ရွက်သည်။
ပဲခူးမြို့အတွင်း ရေဘေးကာကွယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ရန် တိုင်းဒေသကြီးဝန်ကြီးချုပ် လမ်းညွှန်မှာကြား
Jul 29,2024
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် နံနက်ပိုင်းက ပဲခူးမြို့နယ်အတွင်း ရေကြီးနစ်မြုပ်မှု လျော့နည်းသက်သာစေရေး၊ ရေများအမြန်ဆုံး ပြန်လည်ကျဆင်းနိုင်ရေးနှင့် ရေဘေးကာကွယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရေး ကွင်းဆင်းကြည့်ရှု၍ လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
အင်းစိန်မြို့နယ်၌ ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Jul 29,2024
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၌ ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ယနေ့နံနက် (၉) နာရီက အင်းစိန်မြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထန်းတပင်မြို့နယ်၌ မိုးရွာသွန်းမှုနှင့် မြစ်ရေမြင့်တက်မှုများကြောင့် အခြေခံပညာကျောင်း (၂၁) ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၄) ကျောင်း ယာယီပိတ်ထားရ
Jul 29,2024
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၌ မိုးရွာသွန်းမှုနှင့် မြစ်ရေမြင့်တက်မှုများကြောင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၂၁) ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၄) ကျောင်းကို ယနေ့မှစတင်၍ ယာယီပိတ်ထားရကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
တာချီလိတ် လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ၌ စာအုပ်များ လှူဒါန်းပွဲကျင်းပ
Jul 29,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ် လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာရှိ ပညာအလင်း စာကြည့်တိုက်သို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်းနှင့် မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်း၍ ယနေ့နံနက် (၉) နာရီက စာအုပ်များ လှူဒါန်းပွဲကျင်းပပြုလုပ်ခဲ့သည်။
မအူပင်မြို့၌ ထူးပေါက်၍ မြေကျွံကျမှုအား ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ကြည့်ရှုစစ်ဆေး
Jul 29,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ ရွှေတောင်မှော်ကျေးရွာအုပ်စု၊ ညောင်ပင်ဝိုင်းကျေးရွာ ရေထိန်းတံခါးဘေး၌ ထူးပေါက်၍ မြေကျွံကျမှုဖြစ်ပွားရာ ဆောင်ရွက် ထားရှိမှုများအား ယနေ့ညနေ (၃)နာရီက ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့မှ ကြည့်ရှုစစ်ဆေးသည်။