သတင်းများ

ကျိုက်ထိုမြို့နယ်တွင် တိရစ္ဆာန်အစာပေါများစေရန် ကောက်ရိုးချဉ်ဖတ်ပြုလုပ်ခြင်း သရုပ်ပြ
Jul 30,2024
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် မွေးမြူ‌ရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်အစာပေါများစေရန် ကောက်ရိုးချဉ်ဖတ်ပြုလုပ်ခြင်းသရုပ်ပြပွဲကို ယနေ့နံနက်(၁၀)နာရီ၌ ကော့စံနိုင်ရပ်ကွက်၊ ဇီဇဝါလမ်းရှိ ဦးသူရိန်လင်းထက်၏ မွေးမြူရေးခြံတွင် ပြုလုပ်ခဲ့သည်။ ရှေးဦးစွာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါက်တာဖြိုးဝင့်ကိုက ကောက်ရိုးကို ယူရီးယားဖြင့်ချဉ်ဖတ်ပြုလုပ်ခြင်း၊ ကောက်ရိုးကိုစနစ်တကျထုပ်ပိုးသိမ်းဆည်းခြင်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် (ရွာသစ်ကြီး)တွင် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ
Jul 30,2024
ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်(ရွာသစ်ကြီး)တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် ငလျင်သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်သည်။
သဲကုန်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၄ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးပြီးဖြစ်
Jul 30,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေကြသည့် တောင်သူများအတွက် သွင်းအားစုလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်နှင့် ကျေးလက်ဒေသ လူမှုစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပြုစေရန် ရည်ရွယ်၍ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၄ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို သတ်မှတ်အုပ်စုများအလိုက် ထုတ်ချေးပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီက ညောင်ကုန်းကျေးရွာအုပ်စုအတွင်းရှိ တောင်သူလယ်သမားများအား မိုးစပါး စိုက်ပျိုးစရိတ်ဘဏ်ချေးငွေများ ဆက်လက်ထုတ်​ချေးပေးလျက်ရှိသည်။
တောင်ငူမြို့နယ်မီးသတ်ဦးစီးဌာနမှဦးဆောင်၍ ငလျင်ဘေးအန္တရာယ်သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားကျင်းပ
Jul 30,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် တောင်ငူမြို့နယ်မီးသတ်ဦးစီးဌာနမှဦးဆောင်၍ ငလျင်ဘေးအန္တရာယ်သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က တောင်ငူမြို့၊ အ.ထ.က(၆)၌ ဆောင်ရွက်သည်။
မိုးသခွားသီး စီးပွားဖြစ်စိုက်ပျိုးသူများ အထွက်နှုန်းကောင်းပြီးစျေးကောင်းရ၍ မိသားစုဝင်ငွေတိုး
Jul 30,2024
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ ကလိုင်းကနိုင်ကျေးရွာ၊ အပေါ်ရွာ၌ မိုးသခွားသီး စီးပွားဖြစ် စိုက်ပျိုးသူတောင်သူများအနေဖြင့် မိုးကောင်း၍ အထွက်နှုန်းကောင်းသဖြင့် မိသားစုဝင်ငွေတိုးလျက်ရှိကြောင်း သိရသည်။
ပန်းတနော်မြို့၌ အငြိမ်းစားပင်စင်စားများအား ပင်စင်လစာငွေများထုတ်ပေး
Jul 30,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ နိုင်ငံတာဝန်ထမ်းဆောင်ပြီး အငြိမ်းစားယူထားတဲ့ အစိုးရဝန်ထမ်းပင်စင်စားများအား ပင်စင်လစာငွေများ ထုတ်ပေးခြင်းကို ဇူလိုင်လ ၂၁ ရက်နေ့မှစတင်၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ညောင်တုန်းမြို့နယ်အတွင်း မြစ်ရေဝင်ရောက်သည့် ကျေးရွာများသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေး
Jul 30,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်းရှိ မြစ်ရေမြင့်တက်မှုကြောင့် ရေကြီးနစ်မြှုပ်မှုဖြစ်ပွားသည့်ကျေးရွာများသို့ ယမန်နေ့မွန်းလွဲပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
စလင်းမြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် ယာယီပိတ်ထားသော ကျောင်း (၃၄)ကျောင်းအနက် (၆)ကျောင်း ပြန်လည်ဖွင့်လှစ်သင်ကြား
Jul 30,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် အခြေခံပညာကျောင်းများတွင် မြစ်ရေဝင်ရောက်လျက်ရှိ၍ စာသင်ကျောင်း (၃၄)ကျောင်းအား ယာယီပိတ်ထားခဲ့ရာမှ အခြေခံပညာကျောင်း (၆)ကျောင်းအား ယနေ့နံနက်ပိုင်းတွင် ပြန်လည်ဖွင့်လှစ်နိုင်ခဲ့၍ ကျောင်းသား၊ ကျောင်းသူကလေးငယ်များ ဆက်လက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။