ညောင်တုန်း ဇူလိုင် ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်းရှိ မြစ်ရေမြင့်တက်မှုကြောင့် ရေကြီးနစ်မြှုပ်မှုဖြစ်ပွားသည့်ကျေးရွာများသို့ ယမန်နေ့မွန်းလွဲပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့သို့ဆောင်ရွက်ရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ညောင်တုန်းမြို့နယ်၊ စံကင်းကျွန်းရှိ ကျေးရွားအုပ်စု(၁၁)စုမှ ငါးကန်များနှင့် ပုဇွန်ကန်များ ကွင်းရေမြင့်တက်မှုကြောင့် ရေကြီးနစ်မြှုပ်မှု ဖြစ်ပွားသည့် နေရာများသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေး၍ ရေကြီးနစ်မြုပ်မှုအခြေအနေနှင့် ငါးထည့်သွင်း မွေးမြူထားရှိမှု၊ ငါးအမျိုးအစား၊ ငါးအရွယ်အစား၊ ရေနစ်မြုပ်၍ငါးဆုံးရှုံးမှုအခြေအနေ ခန့်မှန်းတန်ဖိုးတို့အား သက်ဆိုင်ရာ ငါးလုပ်ငန်းဦးစီးဌာန၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် လုပ်ငန်းရှင်များဖြင့် စာရင်းဇယားများ စနစ်တကျ ပြုစုတင်ပြနိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ မြစ်ရေမြင့်တက်မှုကြောင်း ညောင်တုန်းမြို့နယ်၊ စံကင်းကျွန်းရှိ ကျေးရွာအုပ်စု(၁၁)စုမှ ငါးကန်(၈၀၁၇)ဧကခန့်နှင့် ပုဇွန်ကန်(၃၇၂၅)ဧကခန့် စုစုပေါင်း(၁၁၇၄၂) ဧကန်ခန့် ရေကြီးနစ်မြုပ်လျက်ရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
မြို့နယ်(ပြန်ဆက်)