မင်းလှမြို့နယ် ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေများပေးအပ်
Jul 30,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဧရာဝတီမြစ်ရေတတ်ပြီး မြစ်လက်တတ်ဖြစ်သည့် မြစ်မခမြစ်အတွင်းသို့ မြစ်ရေဝင်ရောက်မှုနှင့် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေဘေးသင့်ခံရသည်အိမ်ထောင်စုဝင်များ လက်ဝယ်အရောက်ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့နံနက် ၁၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ပေးအပ်ခဲ့သည်။