သတင်းများ

မန္တလေးတက္ကသိုလ်၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်အကြို စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲ ကျင်းပ
Jul 30,2024
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးတက္ကသိုလ်၊ အင်းဝ(၂၇)ခန်းမ၌ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အကြို စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
အင်းစိန်မြို့နယ်၌ ဇီဝဆိုင်ရာ အချက်အလက်ကောက်ယူခြင်းနှင့် Unique ID ထုတ်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်
Jul 30,2024
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ဇီဝဆိုင်ရာအချက်အလက် ကောက်ယူခြင်းနှင့် Unique ID ထုတ်ပေးခြင်းလုပ်ငန်းများကို ယမန်နေ့နံနက် (၉) နာရီအချိန်က အင်းစိန်မြို့နယ်၊ အောင်ဆန်းရပ်ကွက်၊ မေတ္တာဝါဒီဓမ္မာရုံတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သာပေါင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ ငဝန်မြစ်တာတမံ တောင့်တင်းကြံ့ခိုင်ရေး သဲအိတ်ထည့်ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး
Jul 30,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် သာပေါင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ ဇူလိုင်လ ၂၇ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်က ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲ‌ရေးဦးစီးဌာနနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး၊‌ ကျေးရွာနေပြည်သူတို့က ငဝန်မြစ်တာတမံ တောင့်တင်းကြံ့ခိုင်ရေး သဲအိတ်ထည့်ဆောင်ရွက်နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ရွှေပြည်သာမြို့နယ် ဝါးတရာစက်မှုဇုန်၌ မီးလောင်မှုဖြစ်ပွား
Jul 30,2024
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ် အမှတ် (၂၁) ရပ်ကွက် သိမ်ချောင်းလမ်း ဝါးတရာစက်မှုဇုန်ရှိ ပိုင်ရှင်ဦးလှကို (ဘ) ဦးထွန်ယဉ်ပိုင်ဆိုင်သော မြေအကွက်အမှတ် (၃၇၀) မြေတိုင်း (၄၉) မွမွလေးကြော်စုံစက်ရုံ၌ ယ‌နေ့နံနက် (၀၇:၁၅) အချိန်တွင် စားသုံးဆီကန် (၂) ကန်အား ထင်မီးဖြင့် အပူပေးနေစဉ် မီးတောက်များ၍ ဆီကန်အတွင်းရှိဆီများအား မီးကူစက်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။
မိုင်းဖြတ်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်​ရေး ​အသိပညာ​ပေးဟော​ပြောပွဲနှင့် နံရံကပ်စာ​စောင်များ ပြသ
Jul 30,2024
ရှမ်းပြည်နယ်(အ​​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနအ​နေဖြင့် အသိပညာ​ပေးလုပ်ငန်းများကို စဉ်ဆက်မပြတ်​ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၁၀) နာရီက စာဖတ်ရှိန်မြှင့်တင်​ရေး အသိပညာ​ပေး​ဟော​ပြောပွဲ၊ နံရံကပ်စာ​စောင်နှင့် စာအုပ်ပြပွဲများ ပြသခြင်းကို မူလွန်(ကွက်သစ်)၌ ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။
အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း(ကျောက်ပန်းတောင်း)၌ Online Game, Online ငွေကြေးလိမ်လည်မှုနှင့် မူးယစ်ဆေးဝါးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ပြုလုပ်
Jul 30,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းနှင့်  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ Online Game , Online ငွေကြေးလိမ်လည်မှုနှင့် မူးယစ်ဆေးဝါးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက်(၉)နာရီက အဆိုပါကျောင်းရှိ စုဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပိုင်ကျုံမြို့တွင် တောင်ကျရေစီးဆင်းပြီး ရေကြီးနစ်မြုပ်မှုကြောင့် ပြိုကျပျက်စီးမှု အခြေအနေများအား တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေး       
Jul 30,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ဇူလိုင်လ ၂၄ ရက်နေ့မှ စတင်ကာ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျချောင်းရေ စီးဆင်းလာမှုကြောင့် ရေကြီးနစ်မြုပ်မှု ဖြစ်ပွားခဲ့သော မြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာများကို မြို့အဆင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးကော်မတီအဖွဲ့ဝင်များမှ ဇူလိုင်လ ၂၈ ရက်နေ့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၊ နန္ဒဝန်အိမ်ရာအတွင်း “မြတ်စေတနာအလင်းရောင်”စာကြည့်တိုက်ဖွင့်ပွဲ အခမ်းအနားတက်ရောက်
Jul 30,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ နန္ဒဝန်အိမ်ရာအတွင်းရှိ “မြတ်စေတနာအလင်းရောင်” စာကြည့်တိုက်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် အဆိုပါအိမ်ရာအတွင်း ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အိမ်ရာတွင် နေထိုင်ကြသော ဝန်ထမ်းများနှင့် မိသားစုဝင်များ တက်ရောက်ကြကြောင်း သိရသည်။