ကျိုက်ထိုမြို့နယ်တွင် တိရစ္ဆာန်အစာပေါများစေရန် ကောက်ရိုးချဉ်ဖတ်ပြုလုပ်ခြင်း သရုပ်ပြ

ကျိုက်ထို ဇူလိုင် ၃၀

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် မွေးမြူ‌ရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်အစာပေါများစေရန် ကောက်ရိုးချဉ်ဖတ်ပြုလုပ်ခြင်းသရုပ်ပြပွဲကို ယနေ့နံနက်(၁၀)နာရီ၌ ကော့စံနိုင်ရပ်ကွက်၊ ဇီဇဝါလမ်းရှိ ဦးသူရိန်လင်းထက်၏ မွေးမြူရေးခြံတွင် ပြုလုပ်ခဲ့သည်။ ရှေးဦးစွာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါက်တာဖြိုးဝင့်ကိုက ကောက်ရိုးကို ယူရီးယားဖြင့်ချဉ်ဖတ်ပြုလုပ်ခြင်း၊ ကောက်ရိုးကိုစနစ်တကျထုပ်ပိုးသိမ်းဆည်းခြင်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာချိုချိုထွန်းက ကောက်ရိုးများကို ယူရီးယားပတ်ဖျန်း၍မြေကြီးကို တူးဆွပြီး(၃)ပတ်ကြာမြှုပ်နှံထားခြင်းဖြင့် ကောက်ရိုးချဉ်ဖတ်ရရှိနိုင်ကြောင်း လက်တွေ့သရုပ်ပြသခဲ့သည်။

ဝင်းမောင်(ကျိုက်ထို)