ညောင်ဦးမြို့နယ် နတ်ပလင်ကျေးရွာ စာကြည့်တိုက် ပန္နက်ရိုက်မင်္ဂလာ အခမ်းအနား ကျင်းပ
Jul 31,2024
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်တွင် နိုင်ငံတော်အစိုးရမှ ပြည်သူများ အသိပညာ ဗဟုသုတများ တိုးပွားစေရေးနှင့် စာအုပ်စာစောင်များ အလွယ်တကူ ဖတ်ရှုလေ့လာနိုင်စေရန် ရည်ရွယ်၍ မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီမှ မတည်ထောက်ပံ့ငွေ ကျပ်သိန်း ၁၅၀ ဖြင့် တည်ဆောက်မည့် ညောင်ဦးမြို့နယ် နတ်ပလင်ကျေးရွာ စာကြည့်တိုက်တည်ဆောက်မည့် မြေနေရာ ပန္နက်ရိုက် မင်္ဂလာအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခွဲအချိန် က နတ်ပလင်ကျေးရွာပိုင်မြေနေရာတွင် ပန္နက်ရိုက်မင်္ဂလာအခမ်းအနား ကျင်းပခဲ့သည်။