ဗိုလ်တထောင်မြို့နယ် ပညာရာမိကမဟာ (အေ) ဘုန်းတော်ကြီးကျောင်းသို့ ဆန်၊ ဆီ လှူဒါန်းမှုအခမ်းအနား ကျင်းပ
Aug 04,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်၊ အမှတ် (၁၀) ရပ်ကွက်၊ သိမ်ဖြူလမ်းရှိ ပညာရာမိကမဟာ (အေ) ကျောင်းတိုက်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ စုပေါင်းလှူဒါန်းသော ဆန်၊ ဆီလှူဒါန်းမှုအခမ်းအနားအား ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။