သတင်းများ

မုံရွာမြို့ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲဆောင်ရွက်
Aug 08,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း သလ္လာဝတီခန်းမတွင် မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ် (၁၄) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ (မုံရွာ) အဖွဲ့တို့ပူးပေါင်း၍ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ဩဂုတ်လ ၇ ရက်နေ့ နံနက် ၉ နာရီ ခွဲ အချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။
ပျဉ်းမနား အ.ထ.က(၃) စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ပါဝင်ဆင်နွှဲခဲ့ကြသူများ၏ ရင်တွင်းစကား သံများ
Aug 08,2024
ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာပေများ လေ့လာဖတ်ရှုနိုင်ရန်နှင့် စာပေလေ့လာဖတ်ရှုခြင်းမှ အသုံးချမျှဝေနိုင်ရန်ရည်ရွယ်၍ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲ အခမ်းအနားကို ဩဂုတ်လ (၆) ရက်နေ့က အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း(ပျဉ်းမနား)၌ ကျင်းပခဲ့သည်။ အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ပါဝင်ဆင်နွှဲခဲ့ကြသူများ၏ ရင်တွင်းစကားသံများ ဖော်ပြလိုက်ရပါသည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို အခြေခံပညာကျောင်းပေါင်းစုံဘော်လီဘော ပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားသို့တက်ရောက်
Aug 07,2024
ဩဂုတ်လ ၁၂ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ်အဖြစ် တနင်္သာရီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ အခြေခံပညာကျောင်းပေါင်းစုံ(အမျိုးသား/အမျိုးသမီး) ဘော်လီ ဘောပြိုင်ပွဲဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ ရွှေဝယ်သီရိ အားကစားခန်းမ၌ ကျင်းပခဲ့သည်။
အိမ်မဲမြို့နယ်တွင် စာဖတ်ဝိုင်းကျင်းပ
Aug 07,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် Women Club အဖွဲ့ မှ စာရေးဆရာမ ခင်စောတင့်၏ “အမေဆောက်ခဲ့သောရဲတိုက်ကြီးများ ” စာအုပ် ဖြင့်စာဖတ်ဝိုင်းကို ယနေ့မွန်းလွဲ(၁)နာရီတွင် ကျင်းပသည်။
မော်လမြိုင်ကျွန်းမြို့နယ်၌ (၂၅) ကြိမ်မြောက် ငွေရတု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဝင်များ၏ ဝတ်စုံပြည့်အစမ်းလေ့ကျင့်ပွဲအခမ်းအနားကျင်းပ
Aug 07,2024
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင် ကျွန်းမြို့နယ်၌ (၂၅)ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (ဗဟိုအဆင့်)တွင် ပါဝင်ယှဥ်ပြိုင်နိုင်ရေး အဆို၊ အက၊ အရေး၊ အတီး ဝတ်စုံပြည့် အစမ်းလေ့ကျင့်ခြင်းအခမ်းအနားကို ယနေ့နံနက် (၁၀) နာရီအချိန်က အထွေထွေအုပ်ချုပ်ဦးစီးဌာန မော်ဧရာခန်းမတွင် ကျင်းပခဲ့သည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း လူသုံးကုန်ပစ္စည်းများ ရောက်ရှိလာမှုအားကြည့်ရှုစစ်ဆေး
Aug 07,2024
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုအရ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ရခိုင်ပြည်နယ်သို့ ပြန်လည်ထူထောင်ရေးပစ္စည်းများကို သင်္ဘောများဖြင့် ပို့ဆောင်ပေးလျက်ရှိရာ စစ်တွေမြို့ဘက်စုံသုံး ဆိပ်ကမ်းတွင် အမ်ဗွီကုမုဒြာသင်္ဘောဖြင့် ရန်ကုန်မြို့မှလူသုံးကုန်ပစ္စည်းများနှင့် တည်ဆောက်ရေးပစ္စည်းများ ရောက်ရှိလာမှုကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။
ကော့သောင်းမြို့တွင် ဧည့်မထဆန်များ ဈေးနှုန်းသက်သာစွာ ရောင်းချပေး
Aug 07,2024
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ကော့သောင်းမြို့နယ် ဆန်စပါးလုပ်ငန်းအသင်းတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် စားသုံးသူများအတွက် သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးမည့် အစီအစဉ်ဖြင့် ဧည့်မထ(ဇီယာ) ဆန်တစ်ပြည်ကို (၃၅၀၀/-)ကျပ်ဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ် ဆန်စပါးလုပ်ငန်းအသင်း‌ရုံး‌‌ နေရာတွင် အသင်းသူ၊ အသင်းသူများက  ဈေးနှုန်းသက်သာစွာရောင်းချပေးလျက်ရှိကြောင်း သိရသည်။
မုံရွာမြို့ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး  လူငယ်စကားဝိုင်းကျင်းပ
Aug 07,2024
မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး လူငယ်မောင်မယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး၊ အသိပညာဗဟုသုတများ တိုးပွားရရှိနိုင်စေရေး၊ အသိပညာများ မျှဝေပေးနိုင်စေရေးအတွက် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းအခမ်းအနားကို ယ‌နေ့နံနက်(၁၀)နာရီအချိန်ကမုံရွာမြို့၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။