သတင်းများ

မိုင်းယောင်းမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးဆောင်ရွက်နိုင်ရန် ညှိနှိုင်းဆွေးနွေး
Aug 04,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗလမင်းထင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ကျွဲ၊ နွား တိရစ္ဆာန်အစာ (၃၀၄၀) ဧက စိုက်ပျိုးပြီးစီး
Aug 04,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ကျွဲ၊ နွား တိရစ္ဆာန်အစာပင် (၃၀၄၀) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပလောက်မြို့၌ ယူရီယားဓာတ်မြေဩဇာများကို ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချ
Aug 04,2024
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့စိုက်ပျိုးရေးဦးစီးဌာနမှဦးဆောင်၍ မိုးစပါးစိုက်ပျိုးသူတောင်သူများအား ယူရီယားဓာတ်မြေဩဇာများကို ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချခြင်း အခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီက ပလောက်မြို့ စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
န­မ့်စန်မြို့တွင် ကလပ်ပေါင်းစုံဖိတ်ခေါ် ဖူဆယ်ဘောလုံးပြိုင်ပွဲကျင်းပ
Aug 04,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့်ငွေရောင်ရွှန်း အားကစားပစ္စည်းအရောင်းဆိုင်တို့ ပူးပေါင်းဆောင်ရွက်သော ကလပ်ပေါင်းစုံဖိတ်ခေါ် အမျိုးသားဖူဆယ်ဘောလုံး ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉နာရီ က နမ့်စန်ကျေးရွာအုပ်စု ၊ ထင်းရှူးမြိုင်ကျေးရွာရှိ ELEVEN  FUTSAL ကွင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ညောင်လေးပင်မြို့နယ်၌ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး မြို့နယ်အဆင့် ပြိုင်ပွဲ ကျင်းပ
Aug 04,2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၌ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး မြို့နယ်အဆင့်ပြိုင်ပွဲကို ဩဂုတ်လ (၂) ရက်နေ့ နံနက် (၉) နာရီအချိန်က ညောင်လေးပင်မြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ပညာ့ဂုဏ်ရည်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဆံတော်ရှင် ဆူးလေစေတီတော်ကြီး၊ ရွှေထီးတော်၊ ရွှေသင်္ကန်းကပ်လှူ ပူဇော်ခြင်းအောင်ပွဲကျင်းပ
Aug 04,2024
ဆံတော်ရှင် ဆူးလေစေတီတော်မြတ်ကြီး၊ ရွှေထီးတော်၊ စေတီတော်လုံးတော်ပြည့်နှင့် အရံစေတီတော်များအား ရွှေစင်ရွှေပြားမျက်ပါးရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း အောင်ပွဲနှင့် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်ပွဲကို ဩဂုတ်လ (၂) ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဆူလေစေတီတော်ရင်တော်ပေါ် ကျင်းပရာဆူးလေးစေတီတော်ဩဝါဒါ စရိယဆရာတော်ကြီးများ၊ ဆူးလေစေတီတော်ဂေါပကအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ပူဇာ်ခဲ့ကြသည်။
ငွေဆောင်မြို့တွင် ဌာနပေါင်းစုံ( ၂၀၂၄ ခုနှစ်)  မိုးရာသီသစ်ပင်စိုက်ပွဲ အခမ်းအနားကျင်းပ
Aug 04,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၌ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးနှင့်ဂေဟစနစ်ထိန်းသိမ်းနိုင်ရေးတို့အတွက် ရည်ရွယ်၍  ဌာနပေါင်းစုံ (၂၀၂၄ ခုနှစ်)မိုးရာသီသစ်ပင်စိုက်ပွဲတော်အား ယမန်နေ့နံနက်(၁၀း၀၀)နာရီက မြို့အုပ်ချုပ်ရေးမှူးရုံးဝန်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဒိုက်ဦးမြို့နယ်တွင် Biometric(ဇီဝဆိုင်ရာ) အချက်အလက်ကောက်ယူခြင်းလုပ်ငန်းများဆောင်ရွက်
Aug 04,2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနရုံးမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများအဖွဲ့က ဇူလိုင်လ ၂ ရက်နေ့က (အ.ထ.က)ဗျက်ကြီးကျောင်းရှိ ကျောင်းသားများအား Biometric(ဇီဝဆိုင်ရာ) အချက်အလက်များ ကောက်ယူခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။