ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းဖွင့်လှစ်
Aug 05,2024
နိုင်ငံ၏အနာဂတ်ဖြစ်သော လူငယ်များကို နိုင်ငံ၏အသက်ဖြစ်သည့် ဥပဒေအသိပညာများပြန့်ပွားစေရန်နှင့် လူငယ်၊ ကျောင်းသား၊ ကျောင်းသူများကို ဥပဒေနှင့်ပတ်သက်သော အသိပညာများ သိရှိလိုက်နာစေရန်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ရှမ်းပြည်နယ်ဥပဒေချုပ်ရုံး၊ တောင်ကြီးတက္ကသိုလ်၊ တောင်ကြီးပညာရေးဒီဂရီကောလိပ်တို့ ပူးပေါင်းကျင်းပသည့် ဥပဒေ အသိပညာပြန့်ပွားရေးသင်တန်း၊ အမှတ်စဥ်(၄/၂၀၂၄)ကို သြဂုတ်လ(၃)ရက် မွန်းလွဲ(၁)နာရီက တောင်ကြီးပညာရေးဒီဂရီကောလိပ်၊ ကမ္ဘောဇခန်းမ၌ ကျင်းပသည်။