ကျိုင်းတုံ ဩဂုတ် ၁၁
၂၀၂၄ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ခွဲ(ရှမ်းအရှေ့)၊ ဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် ဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ကျိုင်းတုံမြို့နယ် အမျိုးသားဘောလုံးအသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲကို ယမန်နေ့က ကျိုင်းတုံမြို့မအားစကား ကွင်း၌ ကျင်းပခဲ့သည်။
အောင်နိုင်ရေးအလံပေးအပ်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှိုင်းမောင်မောင်က အမှာစကားပြောကြားပြီး အောင်နိုင်ရေးအလံပေးအပ်သည်။ ထို့နောက် ပြိုင်ပွဲဝင် အားကစားသမားများအား ပြိုင်ပွဲဝင်ဝတ်စုံများနှင့် ထောက်ပံ့ငွေချီးမြှင့်ငွေများကို မြို့နယ် ဘောလုံး ချစ်မြတ်နိုးသူများ Old Star အဖွဲ့ဝင်များ၊ GGH ကုမ္ပဏီ၊ 570 Entertainment ဆိုင်၊ Paradise liquor Store၊ မြို့နယ်အားကစားမှူး ဦးစိုင်းသိန်းထွန်းနှင့် တာဝန်ရှိသူများက ပေးအပ်သည်။
၂၀၂၄ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ခွဲ(ရှမ်းအရှေ့)၊ ဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅) နှစ်အောက် ဘောလုံးပြိုင်ပွဲကို ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းရှိ မြို့နယ်များမှ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)