သတင်းများ

စေတုတ္တရာမြို့နယ်၌ ကျေးရွာစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေး သုတ၊ ရသ စာအုပ်စာစောင်များ ပေးအပ်လှူဒါန်း
Aug 12,2024
မကွေတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် နိုင်ငံတော်အစိုးရမှ ပေးပို့လှူဒါန်းသည့် သုတ၊ ရသစာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ကျွန်းလှမြို့၌ ကျောက်ချောလမ်းခင်းခြင်းဆောင်ရွက်
Aug 12,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ (၂၀၂၄ - ၂၀၂၅) ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီး ထောက်ပံ့ရန်ပုံငွေဖြင့် ပိတောက်မြိုင်ရပ်ကွက်၊ သုံးပန်လှလမ်း၌ ကျောက်ချောလမ်းခင်းခြင်း ဆောင်ရွက်ကြောင်း သိရသည်။
ကုန်စည်စီးဆင်းမှုမြန်ဆန်ရေး အမှတ်(၂) ခရိုင်ချင်းဆက်လမ်းမှ လမ်းပိုင်းတစ်နေရာအား ကတ္တရာ ထပ်ပိုးလွှာခင်းပေး
Aug 12,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဒေသအတွင်း ထွက်ကုန်ပစ္စည်းများနှင့် အခြားလူသုံးကုန်ပစ္စည်းများ သယ်ယူရာတွင် အချိန်တိုတိုနှင့် လွယ်ကူလျင်မြန်စွာ သယ်ယူနိုင်ရေးနှင့် မြို့ပြနှင့်ကျေးလက်ကွာဟမှုမရှိစေရေး လမ်း၊တံတားများ အသစ်တည်ဆောက်ပေးခြင်း၊ ပြန်လည်ပြုပြင်ပေးခြင်းလုပ်ငန်းများကို မြို့နယ်လမ်းဦးစီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် အမှတ်(၂) ခရိုင်ခြင်းဆက်လမ်း၌ ကုန်ပစ္စည်းများ သယ်ယူရာတွင် ချောမွေ့စေရေး လမ်းပိုင်းတစ်နေရာအား  ကတ္တရာထပ်ပိုးလွှာများ ခင်းပေးခဲ့ကြောင်း သိရသည်။ 
သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့၌ အခြေခံစားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိ
Aug 12,2024
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် ပြည်သူများစျေးနှုန်းသက်သာစွာဖြင့်ဝယ်ယူနိုင်ရေး အခြေခံစားသောက်ကုန်များရောင်းချပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် မြို့နယ်စည်ပင်စည်သာယာရေးအဖွဲ့၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချူပ်ရေးမှူးများပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ကျိုက္ခမီမြို့၊ မြို့မစျေးရပ်ကွက်၌ ဆက်လက်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ပခုက္ကူမြို့၌ သုံးစွဲရန်မသင့်သော အလှကုန်ပစ္စည်းများ ရောင်းချမှု ရှိ/မရှိ ရှောင်တခင်ကွင်းဆင်းစစ်ဆေး
Aug 12,2024
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ သုံးစွဲရန်မသင့်သော အလှကုန်ပစ္စည်းများ ရောင်းချမှု ရှိ/မရှိ အခြေအနေများကို ယနေ့နံနက် (၈) နာရီအချိန်က တာဝန်ရှိသူများ ရှောင်တခင်ကွင်းဆင်းစစ်ဆေးကြသည်။
ပန်းတနော်မြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအား အရန်မီးသတ်တပ်ဖွဲ့(ပုလဲ)မှ ထောက်ပံ့ပစ္စည်းများ ပေးအပ်
Aug 12,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအား မင်္ဂလာဒုံမြို့နယ် ပုလဲမြို့သစ် အရန်မီးသတ်တပ်ဖွဲ့ (ပုလဲ)မှ ထောက်ပံ့ပစ္စည်းများ ပေးအပ်ရန်အတွက် ပန်းတနော်မြို့နယ် မီးသတ်ဦးစီးဌာနနှင့် ပူးပေါင်း၍ ဩဂုတ်လ(၁၀)ရက်နေ့ နံနက်ပိုင်းက ရေဘေးသင့်ကျေးရွာများသို့ သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့သည်။
မက်မန်းမြို့နယ် နယ်ခြားကျောင်းတွင် လူငယ်ရေးရာဟောပြောပွဲကျင်းပ
Aug 12,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ် နယ်ခြားကျောင်းတွင် ကျောင်းသား၊ ကျောင်းသူလူငယ်များအား အသိပညာဗဟုသုတတိုးပွားရေး၊ နိုင်ငံ၏ဖွံ့ဖြိုးတိုးတတ်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး၊ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတတ်စေရန်နှင့် လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတတ်စေရန်ရည်ရွယ်၍ လူငယ်ရေးရာဟောပြောပွဲကို ယနေ့နံနက် (၉) နာရီအချိန်က မက်မန်းမြို့နယ် နယ်ခြားကျောင်းတွင် သွားရောက်ကျင်းပခဲ့သည်။
၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား/သူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
Aug 12,2024
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား/သူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အ.ထ.က(၁) အစည်းအဝေးခန်းမ၌  ကျင်းပပြုလုပ်ခဲ့သည်။