နတ်မောက်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ် ချည်မျှင်ရှည်ဝါတိုးတက်ထုတ်လုပ်မှုစီမံကိန်း မျိုးစေ့၊ ဓာတ်မြေဩဇာနှင့် ပံ့ပိုးပစ္စည်းများပေးအပ်

နတ်မောက် ဩဂုတ် ၁၂

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ် ချည်မျှင်ရှည်ဝါ တိုးတက်ထုတ်လုပ်မှု စီမံကိန်း မျိုးစေ့၊ ဓာတ်မြေဩဇာနှင့် ပံ့ပိုးပစ္စည်းများပေးအပ်ပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိမှ ဒေသခံတောင်သူများအနေဖြင့် မိမိတို့ဒေသအတွင်းတွင် မျိုးကောင်းမျိုးသန့်များသုံးစွဲနိုင်ရေး၊ မျိုးကောင်းမျိုးသန့်များသုံးစွဲသည့် အလေ့အထကောင်းများ ပေါ်ပေါက်လာရေး၊ ဒေသထွက်ကုန်များတိုးမြှင့်ထုတ်လုပ်နိုင်ရေး တောင်သူများ၏ လူမှုစီးပွားဘဝတိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ ၂၀၂၄-၂၀၂၅ ခုနှစ် နတ်မောက်မြို့နယ်တွင် ချည်မျှင်ရှည်ဝါစိုက်ဧက(၂၉၂၁၆)စိုက်ပျိုးရန် လျာထားသတ်မှတ်ခဲ့ပြီး ချည်မျှင်ရှည်ဝါတစ်ဧက အထွက်နှုန်းတိုးတက်ရေးနှင့် အရည်အသေးကောင်းဝါဂွမ်းရရှိရေးအတွက် ဝါသီးနှံဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများ ချမှတ်ဆောင်ရွက်လျက်ရှိရာ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် (၂၆၇၁၆)ဧက စိုက်ပျိုးခဲ့ပြီး ၂၀၂၄-၂၀၂၅ ခုနှစ်တွင် (၂၅၀၀) ဧက တိုးချဲ့စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါပေးအပ်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၊ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးတောင်သူများ တက်ရောက်ခဲ့ကြသည်။ နတ်မောက်မြို့နယ်တွင် ရွှေတောင်(၁၀)မျိုးစေ့ထုတ်ဇုန်(၂၅၀)ဧကနှင့် ဝါအထွက်နှုန်းတိုးတက်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးဇုန်များအတွက် မျိုးသန့်ဝါစေ့နှင့် ဓာတ်မြေဩဇာသွင်းအားစုများကို တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက ဒေသခံစိုက်ပျိုးရေးတောင်သူများအား ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

လှဝင်း