လဲချားမြို့နယ်တွင် ကြက်ခြေနီရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းအမှတ်စဥ် ၂/၂၀၂၄ ဆင်းပွဲအခမ်းအနား ကျင်းပ

လဲချား သြဂုတ်  ၁၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း ကျန်းမာရေးဌာန၊ မြို့နယ်ကြက်ခြေနီအသင်းခွဲနှင့် အခြေခံပညာအထက်တန်းကျောင်းတို့ ပူးပေါင်းဖွင့်လှစ်သည့် ကြက်ခြေနီရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းအမှတ်စဥ် ၂/၂၀၂၄ ဆင်းပွဲအခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီခွဲအချိန်က အခြေခံပညာအထက်တန်းကျောင်းသင်တန်းခန်းမ၌ ကျင်းပခဲ့ပါသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးမြင့်‌ဝေ‌က အမှာစကားပြောကြားပြီး အ.ထ.က ကျောင်းအုပ်ဆရာမကြီး ဒေါ်မိုးစန္ဒာလွင်က ကျေးဇူးတင်စကား‌ပြောကြားကာ သင်တန်းတွင် ဆုရရှိသူများ၊ သင်တန်းဆင်းလက်မှတ်များနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများကို တက်ရောက်လာကြသော ဌာနဆိုင်ရာတာဝန်ရှိသူများမှ အသီးသီးပေးအပ်ခဲ့ကြောင်း သိရှိရသည်။

 လဲချား(မြို့နယ်၊ ပြန်/ဆက်)