ပင်လုံ ဩဂုတ် ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်မည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းမှ ဘိန်းစိုက်ပျိုးသည့် မြို့နယ်များတွင် အစားထိုးအသေးစားကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးရေးဆောင်ရွက်သည့် လူသုံးကုန်အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာ မွမ်းမံသင်တန်းဆင်းပွဲကို ပင်လုံမြို့၊ ပင်လုံအရှေ့ကျေးရွာအုပ်စု ဝမ်အဲင်ကျေးရွာခန်းမ၌ ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
သင်တန်းဆင်းပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်တက်ရောက်၍ သင်တန်းဆင်းအမှာစကားပြောကြားပြီးနောက် ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးငြိမ်းချမ်းကျော်က သင်တန်းဖွင့်လှစ်ပေးရခြင်းနှင့် ရရှိမည့်အကျိုးကျေးဇူးကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ သင်တန်းသုံးကုန်ချောပစ္စည်းများပေးအပ်ပြီး သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ယင်းနောက် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းသို့ သင်တန်းသူ ၁၀ ဦး တက်ရောက်ပြီး သင်တန်းကာလမှ (၇)ရက် သင်ကြားပို့ချခဲ့ကြောင်း သိရသည်။
လွိုင်လင်မိုး