နတ်မောက်မြို့နယ်၌ သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ အသိပညာပေးပိုစတာများ၊ လက်ကမ်းစာစောင်နှင့် တီရှပ်အင်္ကျီများ ဖြန့်ဝေပေး

နတ်မောက် ဩဂုတ် ၁၂

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်၌ သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ အသိပညာပေးပိုစတာများ၊ လက်ကမ်းစာစောင်နှင့် တီရှပ်အင်္ကျီများ ဖြန့်ဝေခြင်းကို ဩဂုတ် ၁၀ ရက် နံနက် ၈ နာရီအချိန်က မြို့မဈေးကြီး အရှေ့ဘက်လူစည်ကားသည့်နေရာများတွင် ဖြန့်ဝေပေးခဲ့သည်။

အဆိုပါဖြန့်ဝေပေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲတို့က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဗဟိုသန်းခေါင်စာရင်းကော်မရှင်၏ ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့ ဆောင်ပုဒ်နှင့်အညီ သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ၊ ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့ စာတမ်းပါတီရှပ်အင်္ကျီများနှင့် ဦးထုပ်များကို ဈေးရောင်း၊ ဈေးဝယ်ပြည်သူများနှင့် ခရီးသွားလာ ပြည်သူများအား ဖြန့်ဝေပေးခဲ့သည်။ အဆိုပါလက်ကမ်းစာစောင်တွင် သန်းခေါင်စာရင်းကောက်ယူရသည့် ရည်ရွယ်ချက်များ၊ သန်းခေါင်စာရင်း ထည့်ကောက်ရမည့်သူများ /ထည့်မကောက်ရမည့်သူများ၊ ၂၀၁၃ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းဥပဒေ၊ စာရင်းကောက်ယူမည့်မေးခွန်းများ၊ စာရင်းကောက်များသည် မိမိတာဝန်ကျရာ စာရင်းကောက်ကွက်အတွင်း တစ်အိမ်တစ်ဆင်းအိမ်တိုင်ရာရောက် Mobile Tablet များ အသုံးပြု၍ ကောက်ယူခြင်းနှင့် သန်းခေါင်စာရင်းကို ၂၀၂၄ ခုနှစ် အောက်တိုဘာ(၁)ရက်နေ့မှ (၁၅)ရက်နေ့အထိ ကောက်ယူမည့်အစီအစဉ်များ၊ ဆောင်ပုဒ်များကို ထည့်သွင်းဖော်ပြထားကြောင်း သိရသည်။

လှဝင်း