သတင်းများ

ပေါက်ခေါင်းမြို့နယ်၌ ကောက်စိုက်စက်၊ လက်ဆွဲကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်းသရုပ်ပြဆောင်ရွက်
Aug 12,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၌ မြို့နယ်စက်မှုလယ်ယာဦးစီးဌာန အမှတ် (၅၈) စက်မှုလယ်ယာစခန်း၏ ကောက်စိုက်စက်၊ လက်ဆွဲကောက်စိုက်စက်ဖြင့် ဗီယက်နမ်မျိုးစပါးအား စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက မစိုးရိမ်ကျေးရွာအုပ်စု၊ မစိုးရိမ်ကျေးရွာ ကွင်းအမှတ်-၇၂၃(A) မတောင့်တကွင်း တောင်သူဦးမိုးမင်း၏ လယ်မြေ(၃)ဧကတွင် ကျင်းပပြုလုပ်သည်။
အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ (International Youth Day) အထိမ်းအမှတ် စာအုပ်ပြပွဲနှင့် ဉာဏ်စမ်းအစီအစဥ်ကျင်းပ
Aug 12,2024
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်၊ ပညာ့အလင်းခေတ်မီစာကြည့်တိုက်တွင် ယနေ့ နံနက် ၁၀ နာရီအချိန်မှ ညနေ(၄)နာရီအထိ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ (International Youth Day) အထိမ်းအမှတ် စာအုပ်ပြပွဲနှင့် ဉာဏ်စမ်းအစီအစဥ်ကျင်းပလျက်ရှိကြောင်း သိရှိရသည်။
သဲကုန်းမြို့ သီတဂူတပ်အလယ်ကျောင်းတွင် ၂၀၂၃/၂၀၂၄ ပညာသင်နှစ် စာအောင်သံဃာများအား ဂုဏ်ပြုဆုနှင်းသဘင်နှင့် ဌာနပေါင်းစုံ စုပေါင်းဝါဆိုသင်္ကန်းဆပ်ကပ်ပွဲ အခမ်းအနားကျင်းပ
Aug 12,2024
ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် သဲကုန်းမြို့နယ် ရပ်ကွက်(၄)၊ ပေါက်တောရပ်၊ သီတဂူတပ်အလယ်ကျောင်းတွင် ၂၀၂၃/၂၀၂၄ ပညာသင်နှစ် စာအောင်သံဃာများအား ဂုဏ်ပြုဆုနှင်းသဘင်နှင့် ဌာနပေါင်းစုံ စုပေါင်းဝါဆိုသင်္ကန်းဆပ်ကပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အဆိုပါကျောင်းရှိ သီတဂူသဒ္ဓမ္မဇောတိကကျောင်းဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။
လဟယ်မြို့ ပန်းချီ၊ ပုံပြော၊ ကဗျာရွတ်ပြိုင်ပွဲကျင်းပ
Aug 12,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမတွင် ဩဂုတ်လ(၉)ရက်နေ့ နံနက်(၁၁)နာရီအချိန် ကျင်းပပြုလုပ်ပါသည်။
ကျွန်းစုမြို့တွင် စာဖတ်ရှိန် မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ
Aug 12,2024
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့တွင် မြို့နယ်ပြန်ကြားနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲကို ယမန် နေ့ နေ့လယ်ပိုင်းက အမှတ် ၁ ရပ်ကွက် ရှိ အလင်းရောင် စာကြည့်တိုက်၌ ကျင်းပခဲ့သည်။
ဥတ္တရသီရိမြို့နယ်၌ ပတ်ဝန်းကျင်ထိခိုက်ညစ်ညမ်းမှုများမဖြစ်ပေါ်စေရေး ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်
Aug 12,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၌ ပတ်ဝန်းကျင်ထိခိုက်ညစ်ညမ်းမှုများ မဖြစ်ပေါ်စေရေးအတွက် တာဝန်ရှိသူများမှ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။
ပွင့်ဖြူမြို့နယ် မြို့မစည်ပင်သာယာဈေး၌ ဈေးရောင်းဈေးဝယ် ပြည်သူများကို ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေး
Aug 12,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ပလတ်စတစ်ပစ္စည်းများ အလွန်အကျွံ သုံးစွဲခြင်းကြောင့် ကြုံတွေ့ရမည့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအန္တရာယ် လျော့နည်းစေရေးအတွက် ဈေးရောင်းဈေးဝယ် ပြည်သူများ သိရှိစေရန် ပလတ်စတစ်သုံးစွဲမှု လျှော့ချရေး အသိပညာပေးခြင်းကို ယနေ့နံနက် (၇) နာရီခွဲက ပွင့်ဖြူမြို့မစည်ပင်သာယာဈေး၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မန္တလေး ယူနန်ဗုဒ္ဓဘာသာဘုရားကျောင်းဂေါပကအဖွဲ့က စုပေါင်းဘုံဆွမ်းလောင်းလှူ
Aug 12,2024
မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း (၈၀) ပေါ်ရှိ ယူနန်ဗုဒ္ဓဘာသာဘုရားကျောင်း ဂေါပကအဖွဲ့က ဦးစီး၍ တရုတ်နိုင်ငံကုန်သည်ကြီးများအသင်း (မန္တလေး)နှင့် တရုတ်ကုန်သည်ကြီးများအသင်း (အထက်မြန်မာပြည်)တို့က ဧကဒသမအကြိမ်မြောက် (စတုတ္ထပတ်) စုပေါင်းဘုံဆွမ်း လောင်းလှူပွဲကို ယနေ့ နံနက် ၆ နာရီက လောင်းလှူကြသည်။