ကျောင်းများငွေစုငွေချေး သမဝါယမအသင်းလီမိတက်၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ

ဗိုလ်တထောင် ဩဂုတ် ၁

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်ရှိ ကျောင်းများ ငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယမန်နေ့နံနက် (၉) နာရီက ဗိုလ်တထောင်မြို့နယ် အမှတ် (၄)အခြေခံမူလတန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါအစည်းအဝေးတွင် သဘာပတီဦးတင်အောင်၊ မြို့နယ်ပညာရေးမှူး ဦးဉာဏ်သိန်းအောင်တို့က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်သမဦးစီးအရာရှိ ဒေါ်စန်းစန်းအေးက သမဝါယမလုပ်ငန်းစဉ်များ၊ သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေများကို ရှင်းလင်းပြောပြီး အသင်းအမှုဆောင်အဖွဲ့က အသင်း၏ လုပ်ငန်းအခြေအနေများကို အသင်းသားများသို့ ချပြရှင်းလင်း၍ သဘောတူညီချက်ရယူခဲ့သည်။

ထို့နောက် အသင်းသား ၂၅၂ ဦးအား ယခုဘဏ္ဍာနှစ်တွင် အသင်းသားလက်ဆောင်များပေးခြင်း၊ စုဆောင်းငွေအပေါ် အတိုးများပေးခြင်းနှင့် ပညာရေးထောက်ပံ့ငွေများ ပေးအပ်နိုင်ခဲ့ခြင်း၊ အသင်းသားများ၏ သား/သမီးများမှ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် အောင်မြင်သူများကိုလည်း ပညာရည်ချွန်ဆုများ ပေးအပ်ခဲ့ပြီး ယခုနှစ်တွင်အသင်းသားများအား ပေးအပ်ငွေစုစုပေါင်းမှာ ၁၄၇ ဒသမ ၉၄ ၁၂၃ သိန်းကို ထုတ်ပေးနိုင်ခဲ့ကြောင်း သိရှိရသည်။

ခင်ဝင်း (ပြန်/ဆက်)