သတင်းများ

ရှမ်းရွာသစ်မြို့တွင် သဘာဝပတ်ဝန်းကျင်နှင့်သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်
Aug 21,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့သည် တောင်ပေါ်ဒေသဖြစ်၍ မိုးရာသီကာလတွင် တောင်ကျရေများစီးဆင်းမှုကြောင့် မြေပြိုခြင်းနှင့် ရေကြီးမှုများဖြစ်ပေါ်တတ်သဖြင့် ကျောင်းသား/သူများ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ကြိုတင်ကာကွယ်ရန်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းတတ်စေရန်ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့တွင် ရာသီမရွေးစားသုံးနိုင်သော သဘာဝမျှစ်ထုပ်များ ဝယ်လိုအားကောင်းမှုကြောင့် မျှစ်ထုပ်လုပ်ငန်းကို တစ်ပိုင်တစ်နိုင်လုပ်ကိုင်
Aug 21,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် မျှစ်များ ဈေးနှုန်းအတက်အကျမရှိဘဲ ရောင်းအားကောင်းလာခြင်းနှင့်အတူ ရာသီမရွေးစားသုံးနိုင်သော မျှစ်ထုပ်လုပ်ငန်းကို တစ်ပိုင်တစ်နိုင် လုပ်ကိုင်သူ များလာကြောင်း ဒေသနေပြည်သူတစ်ဦးထံမှ သိရသည်။
ပေါင်းတည်ပြည်သူ့ဆေးရုံ၌ အငြိမ်းစားဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ဆက်လက်ဆောင်ရွက်
Aug 21,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် ပြည်သူ့ဆေးရုံ၌ ယနေ့နံနက် ၈ နာရီမှစ၍ အငြိမ်းစား၀န်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ဆက်လက်ဆောင်ရွက်ပေးကြသည်။
ဓနုဖြူမြို့နယ်၌ အောင်ချက်အကောင်းဆုံးရရှိသော ကျောင်းများနှင့် ဂုဏ်ထူးရရှိအောင် သင်ကြားပေးကြသော ဆရာ/မများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Aug 21,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ၂ဝ၂၄-ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ကျောင်းသား/သူများ၊ အောင်ချက်အကောင်းဆုံးရရှိသော ကျောင်းများနှင့် ဂုဏ်ထူးရရှိအောင် သင်ကြားပေးကြသော ဆရာ/မများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း တေဇခန်းမ၌ ကျင်းပသည်။
တံတားဦးမြို့ မြို့မအခြေခံပညာအလယ်တန်းကျောင်းတွင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Aug 21,2024
တံတားဦးခရိုင် တံတားဦးမြို့နယ် အမျိုးသမီးရေးရာအသင်း၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး တံတားဦးမြို့ မြို့မအခြေခံပညာအလယ်တန်းကျောင်း ပညာသရဖူခန်းမ၌ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
နတ်တလင်းမြို့၌ အခြေခံစာကြည့်တိုက်ပညာ ဆင့်ပွားသင်တန်းဖွင့်လှစ်
Aug 21,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ အခြေခံစာကြည့်တိုက်ပညာ ဆင့်ပွားသင်တန်းကို ယမန်နေ့ နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ဖွင့်လှစ်ခဲ့သည်။
ညောင်ဦးမြို့နယ် ပုဂံမြို့ မြင်းကပါကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ လူငယ်ရေးရာဟောပြောပွဲ ကျင်းပ
Aug 21,2024
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံမြို့ မြင်းကပါကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျောင်းသား၊ ကျောင်းသူများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် နိုင်ငံ့သားကောင်းရတနာများဖြစ်လာစေရန် ရည်ရွယ်လျက် ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
မြောင်းမြမြို့တွင် ရိတ်သိမ်းခြွေလှေ့စက် မောင်းနှင်ပြုပြင်ထိန်းသိမ်းမှု (အခြေခံ) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Aug 21,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြို့၊ အမှတ် (၄) အလတ်စား စက်ပြင်အလုပ်ရုံ၌ အမှတ်(၃/၂၀၂၄) ရိတ်သိမ်းခြွေလှေ့စက် မောင်းနှင်/ပြုပြင်ထိန်းသိမ်းမှု (အခြေခံ) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။