နတ်တလင်း ဩဂုတ် ၂၁
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ အခြေခံစာကြည့်တိုက်ပညာ ဆင့်ပွားသင်တန်းကို ယမန်နေ့ နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ဖွင့်လှစ်ခဲ့သည်။
ဦးစွာ နတ်တလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်လဲ့ဝါမြင့်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး စာကြည့်တိုက်တာဝန်ခံ ဒုတိယဦးစီးမှူး ဒေါ်ထားထားဦးက စာကြည့်တိုက်ရည်ရွယ်ချက်နှင့် အဓိပ္ပာယ်၊မျိုးတူစုပြုခြင်းနှင့် ကတ်တလောက်ရေးသွင်းခြင်း၊ စာကြည့်တိုက်များ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဆောင်ရွက်ရမည်အချက်များအား သင်ကြားပို့ချခဲ့သည်။
အဆိုပါသင်တန်းအား မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ စာကြည့်တိုက်တာဝန်ခံ ဆရာ/ဆရာမ (၃ဝ)ဦး တက်ရောက်ခဲ့ပြီး သင်တန်းအား(၂ဝ.၈.၂ဝ၂၄)ရက်နေ့မှ (၂၁.၈.၂ဝ၂၄)ရက်နေ့ အထိ(၂)ရက်ကြာ ဖွင့်လှစ်သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။
ဝေယံဖြိုး (ပြန်/ဆက်)