ပေါင်းတည် သြဂုတ် ၂၁
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် ပြည်သူ့ဆေးရုံ၌ ယနေ့နံနက် ၈ နာရီမှစ၍ အငြိမ်းစား၀န်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ဆက်လက်ဆောင်ရွက်ပေးကြသည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံဆောင်ရွက်မှုဖြင့် အစိုးရ၀န်ထမ်းအငြိမ်းစားများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိရာ မြို့နယ်ပြည်သူ့ဆေးရုံ၌ အငြိမ်းစားထမ်းများအား လစဉ်ကျန်းမာရေးကြည့်ရှုစောင့်ရှောက်ပေးလျက်ရှိသည်။
ယနေ့တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးဌာနမှူး ဒေါက်တာသန်းသန်းချစ်အနီးကပ်ကြီးကြပ်၍ ဆရာဝန်များနှင့် ကျန်းမာရေးမှူးများ၊ ဆရာ၊ ဆရာမများက ကိုယ်အလေးချိန် ဆန်းစစ်ခြင်း၊ သွေးပေါင်ချိန်ခြင်း၊ ဆီးချို၊ သွေးချိုဆန်းစစ်ခြင်း၊ ခံစားနေရသောရောဂါဝေဒနာများကို မေးမြန်းစမ်းသပ်ခြင်းများ ပြုလုပ်ပေးကာ လိုအပ်သော ဆေးထိုးနှံမှုနှင့် ဆေးဝါးများပေးကာ ကျန်းမာရေးစောင့်ရှောက်ကုသပေးလျက်ရှိကြပြီး အပေါ့စားကျန်းမာရေး ကိုယ်လက်လေ့ကျင့်ခန်းများကိုလည်း အဖွဲ့လိုက်ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
ရွှေသား (ပြန်/ဆက်)