ဒက္ခိဏခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အခွန်ပေးဆောင်မှုဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ
Aug 21,2024
နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့် အခွန်အခများ မှန်မှန်ကန်ကန် ပြည့်ပြည့်ဝဝကောက်ခံရရှိရေးအတွက် အခွန်ပေးဆောင်မှုဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒက္ခိဏခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပရာ နေပြည်တော်၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်မာမာတင်၊ ဒက္ခိဏခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမေစုအောင်နှင့် ခရိုင်/ မြို့နယ်များမှ ဝန်ထမ်းများ တက်ရောက်ကြသည်။