မြောင်းမြ သြဂုတ် ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြို့၊ အမှတ် (၄) အလတ်စား စက်ပြင်အလုပ်ရုံ၌ အမှတ်(၃/၂၀၂၄) ရိတ်သိမ်းခြွေလှေ့စက် မောင်းနှင်/ပြုပြင်ထိန်းသိမ်းမှု (အခြေခံ) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြောင်းမြခရိုင် စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ စက်မှုလယ်ယာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးလှထွန်းက သင်တန်းဆိုင်ရာများ ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် သင်တန်းဆရာများက တစ်ဦးချင်း မိတ်ဆက်ခဲ့ပြီး၊ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းကို မြောင်းမြခရိုင်မှ သင်တန်းသား (၅၃) ဦးအား သင်တန်းနည်းပြဆရာ (၇) ဦးတို့ဖြင့် သြဂုတ်လ (၁၉) ရက်နေ့မှ စက်တင်ဘာလ (၁၃) ရက်နေ့အထိ စာတွေ့/လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ဇေယျာ(ပြန်/ဆက်)