ညောင်ဦးမြို့နယ် ပုဂံမြို့ မြင်းကပါကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ လူငယ်ရေးရာဟောပြောပွဲ ကျင်းပ

ညောင်ဦး ဩဂုတ် ၂၁

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံမြို့ မြင်းကပါကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျောင်းသား၊ ကျောင်းသူများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် နိုင်ငံ့သားကောင်းရတနာများဖြစ်လာစေရန် ရည်ရွယ်လျက် ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတွင် ညောင်ဦးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သူဇာစိုးက မီဒီယာနှင့်သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှုခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောဆွေးနွေးပြီး၊ ညောင်ဦးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မာမာထွန်းက လူငယ်နှင့်အားကစားအကြောင်းအရာများအား အသိပညာပေးဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။ အသိပညာဗဟုသုတများကို ဟောပြောဆွေးနွေးရာ ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို ပြန်လည်ဆွေးနွေးမေးမြန်းခဲ့ရာ သက်ဆိုင်ရာဌာနက ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြောင်း သိရသည်။ ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများအား နံရံကပ်ဘုတ်ပြသခြင်းနှင့်လက်ကမ်းစာစောင်များအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဒီပါလင်း