သတင်းများ

မင်းဘူး(စကု)မြို့နယ်၌ ကမ်းပြိုဘေးသင့် ပြည်သူများအား အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးငွေများ ထောက်ပံ့ပေးအပ်
Aug 21,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၌ ဧရဝတီမြစ်ကမ်းဘေးရှိ ကမ်းပြိုဘေးသင့် အိမ်ထောင်စုဝင် မိသားစုများအား ဆန်ရိက္ခာဖိုးနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေများကို ယမန်နေ့ ညနေ ၃ နာရီက သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
စေတုတ္တရာမြို့နယ်တွင် အခြေခံပညာကျောင်းရှိ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥပဒေများဆိုင်ရာ အသိပညာပေး
Aug 21,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌ အခြေခံပညာကျောင်းများရှိ အထက်တန်းအဆင့် Grade-11 နှင့် Grade-12 ကျောင်းသား၊ ကျောင်းသူများအား ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေတို့နှင့်ပတ်သက်၍ အသိပညာပေးခြင်းကို စေတုတ္တရာမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့နေ့လယ် ၁ နာရီအချိန်က ကျင်းပပြုလုပ်သည်။
တပ်ကုန်းမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ပညာသင်စရိတ်နှင့် ကျောင်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ ကျင်းပ
Aug 21,2024
ပြည်ထောင်စုနယ်မြ၊ နေပြည်တော်ဥတ္တရခရိုင်၊တပ်ကုန်းမြို့နယ် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းတွင် ပညာသင်စရိတ်နှင့်ကျောင်းသုံးပစ္စည်းများထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁နာရီက အဆိုပါကျောင်းရှိ ပြည်သာနိုင်ဓမ္မာရုံတွင် ကျင်းပခဲ့သည်။
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း တပ်ကုန်းမြို့နယ်အတွင်း အပ်ချုပ်စက်သင်တန်းဖွင့်ပွဲ တက်ရောက်
Aug 21,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ရှားတောကျေးရွာအုပ်စု၊ ရှားတောကျေးရွာနှင့် ခရမ်းစပ်ကုန်းကျေးရွာအုပ်စု၊ ပေတောကျေးရွာတို့တွင် နေပြည်တော်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် မြို့နယ်အသေးစား၊ အငယ်စား၊ အလတ်စား (MSME)အသင်းတို့ပူးပေါင်း၍ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးပွားရေး အထောက်အကူဖြစ်စေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးနိုင်ရန် ရည်ရွယ်ဖွင့်လှစ်သည့် အပ်ချုပ်စက်သင်တန်းနှင့် တန်ဖိုးမြှင့်စားသောက်ကုန်လုပ်ငန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီက ရှားတောကျေးရွာ၊ ဘုန်းတော်ကြီးအနောက်ကျောင်းတွင် ကျင်းပခဲ့သည်။
ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ဆန်ဆိုင်များ၌ သတ်မှတ်ဈေးနှုန်းနှင့်အညီ ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Aug 21,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်မင်္ဂလာဈေးအတွင်းရှိ ဆန်ဆိုင်များနှင့် မြို့ပေါ်ရပ်ကွက်အတွင်းရှိ ဆန်ဆိုင်များအနေဖြင့် သတ်မှတ်ဈေးနှုန်းနှင့်အညီ ‌ရောင်းချမှုရှိ/မရှိ ကို ဩဂုတ်လ ၁၉ ရက်နေ့က ကွင်းဆင်းစစ်ဆေးခဲ့သည်။
ရပ်စောက်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ
Aug 21,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြသည်။
ကျွန်းလှမြို့၌ ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်၊ ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်
Aug 21,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီးထောက်ပံ့ရန်ပုံငွေဖြင့် ကျွန်းလှမြို့၊ ပျဉ်းမမြိုင်ရပ်ကွက်၊ ငုရွှေဝါလမ်း၌ ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်သည်။
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ကျောင်းကျန်း မာရေးသီတင်းပတ်လှုပ်ရှားမှုများ အထိမ်းအမှတ်အခမ်းအနား တက်ရာက်
Aug 21,2024
၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုများ အထိမ်းအမှတ်အခမ်းအနားကို သြဂုတ်လ ၂၀ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ရာအခမ်းအနားသို့ တိုင်ဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ဟုမ္မလင်းတပ်နယ်မှူးနှင့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဟုမ္မလင်းမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။