ရေတာရှည်မြို့နယ် မီးသတ်ဦးစီးဌာနက ရပ်ကွက်၊ ကျေးရွာမီးဘေးလုံခြုံရေးတစ်အိမ်တက်ဆင်းကွင်းဆင်းစစ်ဆေး
Feb 01,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် မီးသတ်ဦးစီးဌာနက ပွင့်လင်းရာသီရောက်ရှိလာသည်နှင့်အညီ မီးဘေးအန္တရာယ်ကြောင့် ပြည်သူများထိခိုက်နစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် ရပ်ကွက်၊ ကျေးရွာများရှိနေအိမ်များ မီးဘေးလုံခြုံရေးအတွက် တစ်အိမ်တက်ဆင်းကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က နတ်ရေတွင်းကျေးရွာရှိမင်္ဂလာသီရိဘုန်းတော်ကြီးကျောင်းနှင့်ကျေးရွာအတွင်းရှိနေအိမ်များ၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။