တံတား ဩဂုတ် ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမ၌ ပြည်သူများအသိပညာ ဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်ကို ယနေ့မွန်းလွဲ (၁)နာရီအချိန်က ပြသဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပညာပေးနံရံကပ်စာစောင်တွင် လူကုန်ကူးမှု၏လမ်းစဉ်(၃)ဆင့်၊ လူကုန်ကူးမှုဖြစ်ပွားစေသော အဓိကအကြောင်းအရင်းများ၊ လူကုန်ကူးခံရခြင်းကြောင့် ရရှိလာသောဆိုးကျိုးများ၊ လူကုန်ကူးသူများ အသုံးပြုသောနည်းလမ်းများ၊ လူမှောင်ခိုမှုများ၊ နိုင်ငံအပေါ်ထိခိုက်စေသောဆိုးကျိုးများ၊ ရုပ်ပိုင်းဆိုင်ရာထိခိုက်စေသောဆိုးကျိုးများ၊ လူကုန်ကူးခံရသူကို အကူအညီပေးရမည့်လိုအပ်ချက်များ၊ လူကုန်ကူးမှုဆိုင်ရာပြစ်မှုနှင့်ပြစ်ဒဏ်များ၊ ကြိုတင်တားဆီးကာကွယ်ရေးလုပ်ငန်းများ လူကုန်ကူးမှုနှင့်ပတ်သက်သည့် ဆောင်ရန်ရှောင်ရန်အချက်များစသည့် အကြောင်းအရင်းများပါဝင်သည့် နံရံကပ်စာစောင်များပြသရာ ပြည်သူများစိတ်ဝင်စားစွာ လာရောက်ကြည့်ရှုခဲ့ကြောင်းသိရသည်။
ခန့်စည်သူဝင်း(ပြန်/ဆက်)