ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ လှုပ်ရှားမှုအထိမ်းအမှတ်အခမ်းအနား ကျင်းပ

ဒဂုံအရှေ့ သြဂုတ် ၂၂

ရန်ကုန်ကိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သော ၂၀၂၄ ခုနှစ်၊ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ လှုပ်ရှားမှုအထိမ်းအမှတ်အခမ်းအနားကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနအစည်းဝေးခန်းမ၌ ယမန်နေ့ နံနက်(၁၀)နာရီက ကျင်းပသည်။

ဟောပြောရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာလဲ့လဲ့ဝင်းက ကိုယ်ဝန်ဆောင်မိခင်များအတွက် အာဟာရအုပ်စုများနှင့်ပတ်သတ်၍ လက်တွေ့သရုပ်ပြပြီး အသိပညာပေးဟောပြောခဲ့သည်။

ဆက်လက်ပြီး တာဝန်ရှိသူများက တစ်ဦးချင်းပေးအပ်ပြီး ကိုယ်ဝန်ဆောင်မိခင်နှင့် နို့တိုက်မိခင်များအတွက် အာဟာရပြည့်ဝမျှတသည့် အစားအစာများအား အသက်(၅)နှစ်အောက် ကလေးငယ်များအား ဗီတာမင်အေဆေးလုံးတိုက်ကျွေးခြင်း၊ သံချဆေးပေးဝေခြင်းနှင့် လက်ဆောင်ပစ္စည်းများ ပေးဝေခဲ့ကြောင်း သိရှိရသည်။

အေးမဉ္ဇူ (ပြန်/ဆက်)