ရွှေဘိုမြို့၌ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုပြိုင်ပွဲများ ကျင်းပ

ရွှေဘို ဩဂုတ်၂၂

စစ်ကိုင်းတိုင်းဒေသကြီး ​ရွှေဘိုခရိုင် ​ရွှေဘိုမြို့၌ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်နှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု၊ စာစီစာကုံးပြိုင်ပွဲ၊ ကျပန်းစကား​ပြောပြိုင်ပွဲ၊ ဥာဏ်စမ်းပ​ဟေဠိပြိုင်ပွဲများကို ယ​နေ့နံနက် ၉ နာရီချိန်က အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

ရှေးဦးစွာ အခမ်းအနားကို “သုတဝေဖြာ မျှဝေရာ ပညာဘဏ်တိုက် စာကြည့်တိုက်”  Video Clip အားပြသရာ တက်ရောက်လာကြသူများက အတူတကွ ကြည့်ရှုခဲ့ကြပြီးပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနလက်​ထောက်ညွှန်ကြား​ရေးမှူး​ဒေါ်​အေးမြမွန်က ပြိုင်ပွဲစည်းမျည်းစည်းကမ်းများကို​ ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ​ဦးဇော်မျိုးဝင်းနှင့်တာနှင့်တာဝန်ရှိသူများ၊ မြို့နယ်ပညာ​ရေးမှူးနှင့် ဖိတ်ကြားထားသူများက ကျောင်းသားကျောင်းသူများ စာစီစာကုံးပြိုင်ပွဲ၊ ကျပန်းစကား​ပြောပြိုင်ပွဲ၊ ဥာဏ်စမ်းပ​ဟေဠိပြိုင်ပွဲ ကျင်းပနေမှုများကို ကြည့်ရှုအားပေးခဲ့​ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး​ဇော်မျိုးဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာ​ရေးမှူး၊​ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာဆရာမများ၊ ကျောင်းသား ကျောင်းသူများတက်ရောက်ခဲ့ကြပြီး ပြိုင်ပွဲများတွင်ဆုရရှိသူများအား (၂၆​) နေ့တွင်ကျင်းပမည့် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန် မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားတွင် ဆုများချီးမြှင့်​ပေးမည်ဖြစ်​ကြောင်း သိရသည်။

အေးမြင့်စန်း

ခရိုင် (ပြန်/ဆက်)