ရန်ကုန် ဩဂုတ် ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် (၂၅)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ခရိုင်အဆင့်)ပြိုင်ပွဲသို့ မြို့နယ်ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များအား ထောက်ပံ့ငွေပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်က အမှာစကားပြောကြားခဲ့ပြီး အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များအား တစ်ဦးလျှင် ငွေကျပ် ၂၅၀၀၀၀/-ကျပ်စီဖြင့် ပြိုင်ပွဲဝင်(၁၁)ယောက်အားလည်းကောင်း၊ အဆို၊ အရေး နှစ်ဘာသာဖြင့် ပါဝင်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်တစ်ဦးအား ငွေကျပ် ၄၀၀၀၀၀/-ကျပ်အားလည်းကောင်း အသီးသီးထောက်ပံ့ပေးအပ်ခဲ့သည်။
(၂၅)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ခရိုင်အဆင့်)ပြိုင်ပွဲသို့ မြို့နယ်ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ မြန်မာနိုင်ငံအိမ်ခြံမြေဖွံ့ဖြိုးတိုးတက်ရေးအသင်းနှင့် မြို့နယ်စက်မှုဇုန်တို့မှ ထောက်ပံ့ငွေ ၃၂၅၀၀၀၀/-ကျပ်အား စုပေါင်းလှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ဖြိုးစန္ဒာ (ပြန်/ဆက်)