ကျွန်းလှမြို့နယ်၌ ကျေးရွာစာကြည့်တိုက်ဆောက်လုပ်ရေး ပန္နက်တင်အခမ်းအနားကျင်းပ

ကျွန်းလှ ဩဂုတ် ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် အင်းကောင်းကျေးရွာအုပ်စု၊ အင်းကောင်းကျေးရွာတွင် ကျေးရွာစာကြည့်တိုက်ဆောက်လုပ်ရေး ပန္နက်တင်အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက အဆိုပါ စာကြည့်တိုက်ဆောက်လုပ်မည့်မြေနေရာ၌ ကျင်းပသည်။

ကျေးရွာစာကြည့်တိုက် ဆောက်လုပ်ရေးအတွက် ကျွန်းလှမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူးနှင့် တာဝန်ရှိသူများ၊ ကျေးရွာစာကြည့်တိုက်ဆောက်လုပ်ရေးကော်မတီတို့က ပန္နက်ရိုက်ပေးကြသည်။

အဆိုပါ စာကြည့်စာတိုက် အလျား ၂၄ ပေ၊ အနံ ၂၁ ပေ တစ်ထပ်အဆောက်အဦးအား နိုင်ငံတော်လှူဒါန်းရန်ငွေနှင့် ပြည်သူထည့်ဝင်ငွေတို့ဖြင့် ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးဝင်းညို (ကျွန်းလှ)