ရေကြည်မြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်

ရေကြည် ဖေဖော်ဝါရီ ၂

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မြို့နယ်အတွင်းရှိ သာသနိကအဆောက်အဦးများ၊ စာသင်ကျောင်းများ၊ စက်ရုံအလုပ်ရုံများနှင့် လူနေအိမ်များအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများကို မြို့နယ်အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြန်မာ့လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ စုပေါင်း၍ ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် မီးဘေးအန္တရာယ်ပေါ်ပေါက်လာပါက အရေးပေါ်အသုံးပြုနိုင်ရန် မီးသတ်ဆေးဗူးထားရှိမှုအခြေအနေများ၊ ရေသိုလှောင်ထားမှုအခြေအနေများ၊ ဂိုဒေါင်များတွင်  ပစ္စည်းသိုလှောင်ထားမှုအခြေအနေများ၊ လောင်စာဆီသိုလှောင်မှုအခြေအနေများ၊ လျှပ်စစ်သွယ်တန်းမှုအခြေအနေများ၊ လူနေအိမ်များတွင် ချက်ပြုတ်သည့်နေရာများအား စစ်ဆေးခဲ့ခြင်းဖြစ်သည်။ မီးဘေးအန္တရာယ် ပေါ်ပေါက်လာပါက မီးသတ်ဆေးဗူး အသုံးပြုနည်းများကိုလည်း မြို့နယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများက လက်တွေ့သရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)