(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ချီဖွေမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အလွတ်တန်း ဘောလုံးပြိုင်ပွဲ ကျင်းပ

ချီဖွေ ဖေဖော်ဝါရီ ၂

ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီဖွေမြို့နယ်၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား  ရပ်ကွက်၊ ကျေးရွာပေါင်းစုံ အလွတ်တန်း အမျိုးသာပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ (၂)နာရီခွဲတွင် မြို့နယ်အားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ချီဖွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးချစ်စမ်းအောင်က အဖွင့်အမှာစကား ပြောကြားပြီး ဘောလုံးဖွင့်ပွဲအား စတင်ကစားခဲ့ကြောင်းနှင့် ပြိုင်ပွဲအား ဖေဖော်ဝါရီ ၁  ရက်မှ ၁၂ ရက်နေ့အထိ ကျင်းပသွားမည့်ဖြစ်ရာ ချီဖွေမြို့နယ်အတွင်းမှ ရပ်ကွက်၊ ကျေးရွာ အသင်းပေါင်း (၈) သင်း ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲသို့ ချီဖွေခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်နိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ ဝန်ထမ်းများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံများ စုစုပေါင်း (၆၀၀) ကျော်ခန့် တက်ရောက်ခဲ့ကြသည်။

ယော်ကိ (ပြန်/ဆက်)